MotoGP Rider များနှင့် ပြိုင်ပွဲဝင်ဆိုင်ကယ်များအကြောင်း အပိုင်း(၁)

85

ကမ္ဘာပေါ်မှာ ဆိုင်ကယ်ပြိုင်ပွဲ၊ ကားပြိုင်ပွဲတွေ ကျင်းပရခြင်းအကြောင်းရင်း ကတော့ ဆိုင်ကယ်နဲ့ ကားတွေကို ပိုပြီးတိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဆိုင်ကယ်ပြိုင်ပွဲ၊ ကား ပြိုင်ပွဲဆိုတာက ဆိုင်ကယ်နဲ့ကားတွေအတွက် သုတေသနဌာနကြီးတစ်ခုပဲဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးနဲ့ အမြင့်ဆုံးဆိုင်ကယ်ပြိုင်ပွဲဖြစ်တဲ့Moto GP အကြောင်း ရေးသားဖော်ပြ သွားမှာပါ။ MotoGP ခေါ်Grand Prix Motorcycle Racing ဆိုတာ ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး Class တစ်ခုဖြစ်ပြီး ၁၉၄၉ ခုနှစ်ကစလို့ တရားဝင် ကျင်းပလာခဲ့တာပါ။ FIM (Fédération Internationale de Motocyclisme) ခေါ် ပြင်သစ် အခြေစိုက် ကမ္ဘာ့ မော်တော်ဆိုင်ကယ်အဖွဲ့ချုပ်က ဦးစီးပြီး နှစ်စဉ်ပုံမှန် ကျင်းပပါတယ်။ MotoGP မှာ Road Racing ခေါ် ညီညာပြန့်ပြူးတဲ့ လမ်းမတွေပေါ် ယှဉ်ပြိုင်မောင်းနှင်ရတဲ့ ပြိုင်ပွဲအမျိုးအစားဖြစ်ပြီးRoad Circuits (Track Racing) ခေါ် ပြိုင်ပွဲအတွက် သီးသန့်တည်ဆောက်ထား ရတဲ့ လမ်းကြောင်းတွေပေါ်မှာပဲ ယှဉ်ပြိုင်မောင်းနှင်ရပါတယ်။ MotoGP အတွက် ပြိုင်ပွဲဆိုင်ကယ်တွေကို FIM ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ တည်ဆောက်ကြရပါတယ်။ ဆိုင်ကယ်တွေမှာ ပြိုင်ပွဲဝင်သီးသန့် ဆိုင်ကယ်တွေဖြစ်ကြပြီး အပြင်မှာရောင်းချခြင်းမရှိသလို ပြည်သူ ပိုင်လမ်းမတွေမှာလည်း မောင်းနှင်ခွင့်မရှိကြပါဘူး။ ယခုအ ခါမှာတော့ MotoGP မှာ Class လေးမျိုး ခွဲခြားထားပါ တယ်။Moto GP (Moto General Practitioner) ၊ Moto2 ၊ Moto3 နဲ့ MotoE တို့ပဲ ဖြစ်ကြပါတယ်။ အရင်ကတော့ သုံးမျိုးပဲ ရှိတာပါ။ အခု ၂ဝ၁၉ ခုနှစ်မှ MotoE ခေါ် လျှပ်စစ်ပြိုင်ဆိုင်ကယ် Class တစ်ခုကို ထပ်မံထည့်သွင်းပြီး ယှဉ်ပြိုင်စေခဲ့တာပါ။

MotoGP Class မှာ ၂ဝ၁၂ ခုနှစ်ကစတင်ပြီး Engine Displacement ကို 1000 CC နဲ့ Cylinder လေးလုံးအထိ သတ်မှတ် ပေးထားပါတယ်။ Honda ၊ Yamaha ၊ Ducati အစရှိတဲ့ Factory Team ကြီး တွေက အဓိကဝင်ပြိုင်ကြသလို Open Class လို့ခေါ်တဲ့ Private Team လေးတွေကိုလည်း ဝင်ပြိုင်ခွင့်ပေးထားပါတယ်။ MotoGP Class အတွက် ပြိုင်ပွဲဝင်ဆိုင်ကယ်တွေမှာ Prototype ခေါ် ပြိုင်ပွဲဝင်သီးသန့်အမျိုးအစား ဖြစ်ပြီး Team တွေက FIM ရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ အထူး ပြုလုပ်တည်ဆောက်ထားရပါတယ်။ အင်ဂျင်၊ ဖရိမ်နဲ့ Suspensions တွေကို Team အင်ဂျင်နီယာတွေက Hand made ခေါ် လက်နဲ့အသေး စိတ် ပြုလုပ်တည်ဆောက်ကြရပါတယ်။ (ECU နဲ့ Software တွေကိုတော့ FIM က ထောက်ပံ့ပေးပါတယ်။) အဲဒါကြောင့် ကုန်ကျစရိတ် အလွန် များလှပြီးMotoGP ပြိုင်ပွဲဝင်ဆိုင်ကယ်တစ်စီးအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ နှစ်သန်းကနေ သုံးသန်းခွဲအထိ ရှိကြပါတယ်။ ဆိုင် ကယ်အလေးချိန်မှာ ၃၅၃ ပေါင်လေးလံပြီး မြင်းကောင်ရေ ၂၅ဝ ကျော် အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အမြင့်ဆုံးအမြန်နှုန်းအဖြစ် လောလော ဆယ်မှာ Ducati Factory Team အဖွဲ့ဝင် Andrea Dovizioso က စံချိန်တင်ထားပြီး တစ်နာရီ ၃၅၆ ဒသမ ၄ ကီလိုမီတာအထိ ၂ဝ၁၈ ခုနှစ် အီတလီ GP မှာ မောင်းနှင်ခဲ့တာ တွေ့ရပါတယ်။ ပြိုင်ပွဲတစ်လျှောက် အသုံးပြုတဲ့တာယာတွေကိုတော့ ပြင်သစ် တာယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Michelin က ထောက်ပံ့ပေးထားပါတယ်။ MotoGP Class ကတော့ ဆိုင်ကယ်ပြိုင်ပွဲတွေထဲမှာ နည်းပညာအမြင့်ဆုံးနဲ့ ကုန်ကျစရိတ် အများ ဆုံးပဲ ဖြစ်ပါတယ်။

Moto2 Class မှာတော့ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဂျပန် ကုမ္ပဏီ Honda ရဲ့ CBR600RR အင်ဂျင်ကို အသုံးပြုခဲ့ပါတယ်။ 600 CC Inline 4 Cylinder အင်ဂျင်ဖြစ်ပြီး ပျမ်းမျှပါဝါ မြင်းကောင်ရေ ၁၃ဝ အားအထိ ထုတ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် Moto2 Class ရဲ့ အင်ဂျင်က Prototype မဟုတ်ပါဘူး။ Production Base ခေါ် ပြင်ပမှာ ထုတ်လုပ်ရောင်းချနေတဲ့ အင်ဂျင်အမျိုးအစားပဲဖြစ်ပါတယ်။ Team တွေက Kalex နဲ့ KTM တို့လို ဆိုင်ကယ်တည်ဆောက်သူတွေကို ရွေး ချယ်ပြီး ပြိုင်ပွဲဝင်ရတဲ့ပုံစံပဲ ဖြစ်ပါတယ်။ Kalex နဲ့ KTM တို့ကလည်း FIM က ထုတ်ပေးထားတဲ့ Honda ရဲ့ CBR600RR အင်ဂျင်နဲ့ပဲ ပြိုင်ပွဲ ဝင်ဆိုင်ကယ်တွေကို တည်ဆောက်ရတာပါ။ ဒါပေမဲ့ လက်ရှိ ၂ဝ၁၉ ခုနှစ်မှာတော့ Honda CBR600RR အင်ဂျင်က EURO 4 Emissions တွေနဲ့ ကိုက်ညီမှုမရှိတော့တာကြောင့် Moto2 Calss မှာ ဆက်ပြီးအသုံးပြု ခွင့်မရှိတော့ပါဘူး။ ဒါကြောင့် FIM က ၂ဝ၁၉ ခုနှစ် ပြိုင်ပွဲရာသီအတွက်Moto2 Class အင်ဂျင်ထောက်ပံ့သူကို တင်ဒါခေါ်ပြီး ရွေးချယ် ခဲ့ရပါတယ်။ ဗြိတိန်ကုမ္ပဏီ ဖြစ်တဲ့ Triumph နဲ့ အီတလီကုမ္ပဏီ MV Agusta တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Triumph က ရရှိသွားခဲ့ပါတယ်။ Triumph ရဲ့ Moto2 အင်ဂျင်ကတော့ 765 CC Triple Cylinder အင်ဂျင်ပဲ ဖြစ်ပါတယ်။ Triumph စက်ရုံရဲ့တိုင်းတာချက်အရ မြင်းကောင်ရေ ၁၃၈ ကောင်အားပဲ ရှိပေမဲ့ နောက်ဆုံးပြိုင်ပွဲဝင်ဆိုင်ကယ်ပေါ်က အင်ဂျင်ကတော့ မြင်းကောင်ရေ ၁၇ဝ အားအထိ ထုတ်ပေးနိုင်တာတွေ့ရပါတယ်။ Moto2 အတွက် တာယာတွေကိုတော့ Dunlop က ထောက်ပံ့ပေးထားပါတယ်။

Moto3 Class ကတော့ ၂ဝ၁၂ ခုနှစ်မှာ 2 Stroke 125 CC Class ကို ဖြုတ်ပြီး အစားထိုးခဲ့ကြတာပါ။ Moto3 မှာ Single Cylinder 250 CC Four Stroke အင်ဂျင်ကို အသုံးပြုထားပါတယ်။ မြင်းကောင်ရေ ခြောက်ဆယ်အားအထိ ထုတ်ပေးနိုင်ပြီး Rider အပါအဝင် စုစုပေါင်း အလေးချိန်က အနည်းဆုံး ၃၂၆ ပေါင် ရှိရပါတယ်။ Rider ရဲ့ အသက် အရွယ်ကိုတော့ ၁၆ နှစ်ကနေ ၂၈ နှစ်အထိ သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲဝင်ဆိုင်ကယ်တွေကိုတော့ Honda နဲ့ KTM က အများဆုံးတည်ဆောက် ကြပါတယ်။ Moto3 အတွက် တာယာတွေကိုလည်း Dunlop ကပဲ ထောက်ပံ့ပေးထားပါတယ်။ MotoE ကတော့ ၂ဝ၁၉ ခုနှစ်မှ အသစ် ပေါ်လာတာပါ။ Team ၁၁ ခုနဲ့ စုစုပေါင်း ခြောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် လျှပ်စစ်ဆိုင်ကယ်ကို အီတလီကုမ္ပဏီဖြစ်တဲ့ Energica Motor Company က ထုတ်လုပ်ပေးထားတဲ့ Energica Ego Corsa ကိုပဲ အသုံး ပြုရမှာပါ။ Energica Ego Corsa မှာ လျှပ်စစ် သံလိုက်မိုတာကို အသုံး ပြုထားပြီး Torque 147.5 lb.ft နဲ့ မြင်းကောင်ရေ ၁၆ဝ အားအထိ ထုတ် ပေးနိုင်ပါတယ်။ ဘက်ထရီကိုတော့ High Voltage Lithium-ion ဘက် ထရီတွေကို အသုံးပြုထားပါတယ်။

သုညကနေ တစ်နာရီ မိုင် ခြောက်ဆယ်ကို သုံးစက္ကန့်အတွင်း အ ရောက် မောင်းနှင်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းအဖြစ် တစ်နာရီ ကီလို ၂၇ဝ အထိ မောင်းနှင်နိုင်ပါတယ်။ ထူးခြားမှုအဖြစ် ပြိုင်ပွဲစတင်ဖို့ရည်ရွယ်ထားတဲ့ စပိန်နိုင်ငံ Jerez Circuit မှာ ၂ဝ၁၉ ခုနှစ်၊ မတ် ၁၃ ရက်က မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်ခုကနေ Short Circuit ဖြစ်ပြီး မီးစတင်လောင်ကျွမ်းရာက ဘက်ထရီတွေ စုပေါင်းအားသွင်းထားတဲ့ Charging အခန်းအထိ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ နာရီအနည်းငယ် ကြာ လောင်ကျွမ်းခဲ့ပြီး ပြိုင်ပွဲဝင်ဆိုင်ကယ် ၁၈ စီးလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ရပါတယ်။ သေဆုံးဒဏ်ရာရသူတွေ မရှိခဲ့ပေမဲ့ တန်ဖိုးမြောက်မြား စွာဆုံးရံှုးခဲ့ရပြီး ပြိုင်ပွဲကိုလည်း ပြင်သစ်နိုင်ငံ၊ Le Mans Circuit မှာ မေလအတွင်း စတင်နိုင်ခဲ့ကြပါတယ်။ MotoGP မှာ MotoE ကို စတင် ထည့်သွင်းကျင်းပရခြင်း အကြောင်းရင်းကတော့ Green Energy သုံး ဆိုင်ကယ်တွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက်ပဲ ြဖစ်ပါတယ်။
စာဖတ်ပရိသတ်များ ေမာ်ေတာ်ဆိုင်ကယ်ဗဟုသုတေတွနဲ့ြပည့်စံုြကပါေစ။
(ဆက်လက်ေဖာ်ြပပါမည်)

LEAVE A REPLY

Please enter your comment!
Please enter your name here