MotoGP Rider များနှင့် ပြိုင်ပွဲဝင်ဆိုင်ကယ်များအကြောင်း အပိုင်း(၃)

91

Honda RC213V
RC213V ဆိုတာ Honda ရဲ့ လက်ရှိ MotoGP ပြိုင်ပွဲဝင်ဆိုင်ကယ် ဖြစ်ပါတယ်။ Honda ရဲ့ MotoGP Team တွေဖြစ်ကြတဲ့ Team HRC ၊ Repsol Honda Team နဲ့ LCR Honda Team တွေမှာ အသုံး ပြုလျက် ရှိပါတယ်။ လက်ရှိ နာမည်အကြီးဆုံး Team ကတော့Marc Márquez 93 နဲ့ Jorge Lorenzo 99 တို့ပါဝင်ကြတဲ့ Repsol Honda Team ပဲ ဖြစ်ပါတယ်။ Repsol Honda အဖြစ် အမည်ပေးရခြင်းအကြောင်း ရင်းကတော့ စပိန်အခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်တဲ့ Repsol က အဓိက စပွန်ဆာပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။ Repsol Honda Team ရဲ့ အခြေစိုက်ရာဌာနကတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ Aalst မြို့ပဲ ဖြစ်ပါတယ်။ Team တွေအားလုံးအတွက် RC213V တွေကို HRC ခေါ် Honda Racing Corporation ကပဲ တည်ဆောက်ပေးရပါတယ်။

HRC ဌာနကတော့ ၁၉၈၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ Honda ရဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေအတွက် သီးသန့်တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဆိုင်ကယ်တွေနဲ့ အစိတ်အပိုင်း တွေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ Team များကို ထောက်ပံ့ပေးခြင်း၊ Rider များကို ပြုစုပျိုးထောင်ပေးခြင်း၊ Racing အတွက် နည်းပညာများကို သုတေသနပြုလုပ် တီထွင်ခြင်း စသဖြင့် ပြိုင်ပွဲအတွက်ပဲ သီးသန့်အလုပ် လုပ်ပေးပါတယ်။ HRC ဌာနချုပ်တွေကို ဂျပန်၊ ဘယ်လ်ဂျီယံနဲ့ UK နိုင်ငံ တွေမှာ တွေ့နိုင်ပါတယ်။

Honda ရဲ့ RC213V မှာ RC က Honda Racing 4 Stroke ဆိုင်ကယ်တွေရဲ့ အတိုကောက်အမည်ပဲ ဖြစ်ပါတယ်။ 21 ကတော့ ၂၁ ရာစု ကိုဆိုလိုပြီး ၃ ကတော့ ၂၁ ရာစုရဲ့ သုံးစီးမြောက် ဆိုင်ကယ်ပဲဖြစ်ပါတယ်။ V ကတော့ V ပုံစံအင်ဂျင်ကို ရည်ညွန်းတာပဲ ဖြစ်ပါတယ်။ RC တွေရဲ့ သမိုင်းကြောင်းကို ပြန်ပြောရရင်တော့ 2 Stroke NSR တွေက ဆင်းသက် လာတာလို့ ပြောနိုင်ပါတယ်။ Honda Team က2 Stroke NS Series တွေနဲ့ MotoGP မှာ ၁၉၈၄ ခုနှစ်ကတည်းက စတင်ဝင်ပြိုင်ခဲ့တာပါ။ ၂ဝဝ၂ ခုနှစ်မှာတော့ 500 CC Class ကို MotoGP အဖြစ် အမည်ပြောင်းခဲ့ပြီး 4 Stroke အင်ဂျင်တွေကို 990 CC နဲ့ Cylinder ခြောက်လုံးအထိ ခွင့်ပြုခဲ့ပါတယ်။ အဲဒါနဲ့ Honda Team က ရှိရင်းစွဲ 500 CC 2 Stroke NSR500 နဲ့အတူ အသစ်တည်ဆောက်လိုက်တဲ့ RC211V နဲ့ စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ RC211V နဲ့ Rider ဖြစ်ခဲ့တဲ့ အီတလီနိုင်ငံသားValentino Rossi လည်း MotoGP ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ Honda ရဲ့ပထမဦးဆုံး 4 Stroke MotoGP ဆိုင်ကယ်ဖြစ် ခဲ့တဲ့ RC 211Vက V5 ခေါ် Cylinder ငါးလုံးထိုးအင်ဂျင်နဲ့ ဖြစ်ပါတယ်။ Cylinder တွေကို ရှေ့သုံးလုံး၊ နောက်နှစ်လုံး V ပုံစံ ၆၅ ဒသမ ၅ အကျယ်နဲ့တပ်ဆင်ထားပြီး ပျှမ်းမှျပါဝါ မြင်းကောင်ရေ ၂၅၆ ကောင်အား အထိ ထုတ်ပေးနိုင်ပါတယ်။ RC211V ကို ၂ဝဝ၂ ပြိုင်ပွဲရာသီကနေ ၂ဝဝ၆ ပြိုင်ပွဲရာသီအထိ အဆင့်ဆင့်တိုးတက်လာအောင် တီထွင်ပြီး အသုံးပြုခဲ့ကြပါတယ်။ ပြိုင်ပွဲရာသီ ငါးခုအတွင်းမှာ Rider ချန်ပီယံဆု သုံးခု၊ တည်ဆောက်သူ ချန်ပီယံဆု လေးခုနဲ့ ပွဲပေါင်း ၈၂ ပွဲမှာ ၄၈ ပွဲ ပထမ ရရှိခဲ့ပါတယ်။

၂ဝဝ၇ ပြိုင်ပွဲရာသီမှာတော့ MotoGP Class ကို 800CC အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် Honda က RC Series ရဲ့ ဒုတိယ ဆိုင်ကယ်အဖြစ် RC212V ကိုတည်ဆောက်ပြီး ဝင်ပြိုင်ခဲ့ရပါတယ်။ RC212V မှာ 800CC V4 အင်ဂျင်နဲ့ဖြစ်ပြီး မြင်းကောင်ရေ ၂ဝ၈ ကောင်ကျော် ထုတ်ပေးနိုင်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ Pneumatic Valve ခေါ် စပရင် အစားထိုး လေဖိအားသုံး Valve စနစ်ကို Repsol Honda Team က စတင် အသုံးပြုနိုင်ခဲ့ပါတယ်။ Pneumatic Valve စနစ်ကို အသုံးပြုတဲ့ RC 212V တွေအနေနဲ့ စဦးပိုင်းမှာ ပြသနာများစွာရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲရာသီ ပြီးခါနီးမှ ကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။ ၂ဝဝ၉ ပြိုင်ပွဲရာသီမှာ တော့ Honda Factory Team အပါအဝင် တခြား Satellite Honda Team တွေမှာ အသုံးပြုတဲ့ RC212V ခြောက်စီးလုံး Pneumatic Valve စနစ် အသုံးပြုနိုင်ခဲ့ကြပါတယ်။ ၂ဝဝ၇ ပြိုင်ပွဲရာသီကနေ ၂ဝ၁၁ ပြိုင်ပွဲရာသီအထိ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရာသီငါးခုအတွင်းမှာ Rider ချန်ပီယံဆုတစ်ခု၊ တည်ဆောက်သူ ချန်ပီယံဆုတစ်ခုနဲ့ ၂၄ ပွဲ ပထမရရှိခဲ့ ပါတယ်။ အဓိက Factory Team Rider တွေအဖြစ် Dani Pedrosa ၊ Nicky Hayden နဲ့ Andrea Dovizioso တို့က မောင်းနှင်ယှဉ်ပြိုင်ခဲ့ကြ ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ Ducati က ပြောင်းရွေ့လာတဲ့ Casey Stoner ကRepsol Honda Team ရဲ့ RC212V ကို မောင်းနှင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ RC212V အနေနဲ့ ပြိုင်ပွဲရာသီငါးခုအတွင်းမှာ Rider ချန်ပီယံဆုတစ်ခုပဲ ရရှိခဲ့တာကြောင့် ရလဒ်တော့ မကောင်းခဲ့ပါဘူး။ ၂ဝဝ၂ နဲ့ ၂ဝဝ၃ ပြိုင်ပွဲရာသီတွေမှာ RC211V နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ Valentino Rossi တစ်ယောက် Yamaha ကို ရုတ်တရက် ပြောင်းရွေ့ သွားတာကြောင့် Honda Team အနေနဲ့ အကျပ်ရိုက်သွားတာလည်း ပါပါတယ်။
စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတေတွနဲ့ ြပည့်စံုြကပါေစ။
ဆက်လက်ေဖာ်ြပပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here