Modified  လုပ်ထားသည့်  ဆိုင်ကယ်များ ပြန်လည်ရောင်းချရာတွင်   အရောင်းအဝယ်ဖြစ်မှုနည်းပါး

795

မန္တလေးမြို့ရှိ ဆိုင်ကယ်ဝယ်/ရောင်း အများစုသည် စက်တင်ဘာ ၁ ရက်မှစ၍ ‘၄ဝယ’ အောက် 125 CC နှင့်အထက် ဆိုင်ကယ်များကို Multi Stage test Lane စက်ဖြင့် စတင် စစ်ဆေးနေသောကြောင့်  သြိင်ငနိ လုပ်ထားသည့် ဆိုင် ကယ်များကို ဝယ်ယူခြင်းမရှိတော့ ကြောင်း မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

 

”အရင်တုန်းကတော့ Modified လုပ်ထားတဲ့ ဆိုင်ကယ်တွေ ဆိုရင်လည်း အင်ဂျင်ဆွဲအား၊ ရုန်းအားကောင်းရင် ကောင်းသလို လိုင်စင် မှန်မမှန် စစ်ဆေးပြီး ဝယ်ယူခဲ့ပေမဲ့ အခု Modified လုပ်ထားတဲ့ ဆိုင်ကယ်ဆိုရင် မဝယ်တော့ပါဘူး၊ တချို့လူငယ်တွေက ဆိုင်ကယ်ကာဗာတွေကို ဖြတ် တောက်ပြီး သူတို့ Idea နဲ့ သူတို့ အစားထိုး တပ်ဆင်တာတွေ၊ ပုံသဏ္ဌာန် လုံးဝပြောင်းသွားအောင် လုပ်ထားတော့ အခု လိုင်စင်သက်တမ်း တိုးရင် ဆိုင်ကယ်ကြံ့ခိုင်မှုပါ စစ်ဆေးရတော့ အဆင်မပြေတော့ဘူး၊ ကညနကလည်း သက်တမ်း မတိုးပေးတော့ဘူးပေါ့၊ ဆေးရောင် ကွဲလွဲတာက ဒဏ်ကြေးဆောင်ပြီး သက်တမ်းတိုးလို့ရပေမဲ့ သူ့ Original ရုပ်ကို ပုံစံပြောင်းအောင် လုပ် ထားတဲ့ ဆိုင်ကယ်တွေကျတော့ အဆင်မပြေတော့ဘူးလေ၊ အဲဒါ ကြောင့် Modified လုပ်ထားတဲ့ ဆိုင်ကယ်တွေဆိုရင် မဝယ်တော့ ပါဘူး”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်း ဥကၠဌ ဦးစိန်အောင်က ပြောသည်။

 

ထို့ပြင် ‘၄ဝယ’အောက် 125 ဃဃ နှင့်အထက် ဆိုင်ကယ်များကို Multi Stage test Lane စက်ဖြင့် ဆိုင်ကယ်ကြံ့ခိုင်မှုများ စစ်ဆေးနေခြင်းကြောင့် မန္တလေးမြို့ရှိ ဝယ်/ ရောင်းအများစုမှာ ‘၄ဝယ’ အောက် ဆိုင်ကယ်တိုင်းကို လိုင်စင်သက် တမ်းလွန် မလွန်၊ ဆိုင်ကယ်မီး ကောင်း မကောင်း၊ ဘရိတ်မိ မမိ၊ စက်သံဆူညံမှုရှိ မရှိ စသော ပြစ်ချက်များပါ စစ်ဆေးလာပြီး ပြစ်ချက်တွေ့ရှိမှုအလိုက် စျေးနှိမ်ဝယ် ယူလာရကြောင်း၊ ထိုသို့ စျေးနှိမ်ဝယ်ယူမှုကြောင့် အချို့ဆိုင်ကယ် လာရောင်းသူများပင် ကြိုက်စျေး မရ၍ မရောင်းတော့ဘဲ ပြန်သွားသူက ပိုမိုများပြားနေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”အခုဟာ ဆိုင်ကယ်ပြစ်ချက် တွေ့ရင် တွေ့သလို လိုင်စင်သက် တမ်းမတိုးပေးဘူးဆိုတော့ ‘၄ဝယ’အောက် ဆိုင်ကယ်တွေ လာရောင်း လို့ ပြစ်ချက်တွေ့တာများရင် များသလို သုံးသောင်းကနေ ငါးသောင်း၊ ခြောက်သောင်းအထိ စျေးနှိမ်ဝယ်ယူရတော့ အများစုက မရောင်းဘဲ ပြန်လှည့်သွားကြတာ များတယ်၊ ကျွန်တော်တို့လက်ထဲ ရောက်ရင်လည်း လိုင်စင်သက်တမ်းကုန်နေတဲ့ ဆိုင်ကယ်ဆို သက်တမ်းတိုးရမယ့် စရိတ်၊ ဆိုင်ကယ်ပြင်ရမယ့်စရိတ်နဲ့ဆိုတော့ အရင်တုန်းကလို သူတို့ ကြိုက်စျေး မပေးနိုင်တော့ဘူး၊ ဒီရက်ပိုင်း လာဝယ်တဲ့သူပဲ အနည်းငယ်ရှိတယ်၊ လာရောင်းလို့အရောင်းအဝယ်ဖြစ်သွားတဲ့သူက လက်ချိုးရေလို့ရတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့် ဝယ်/ရောင်းတစ်ဦးဖြစ်သူ ကိုညီညီနိုင်ကဆိုသည်။

လက်ရှိ မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင် သြိင်ငနိ လုပ်ထားသည့် ဆိုင်ကယ်များ အရောင်းအဝယ်မဖြစ်သော်လည်း အခြား Original ရုပ်အတိုင်းရှိသည့် တစ်ပတ်ရစ်ဆိုင်ကယ်များမှာမူ ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here