Modified လုပ်ထားတဲ့ ဘီးကြီးဆိုင်ကယ် ကြိုက်သူများအတွက် Keeto R15

108

 

သမားရိုးကျ ဆိုင်ကယ်ဒီဇိုင်းကနေ Modified လုပ်ပြီး စီးနင်းတာက နေ့ရော ညပါ ဆိုင်ကယ်စီးရတာ ခံစားမှုကောင်းတယ်လို့ ဆိုကြတဲ့ ဆိုင်ကယ်ချစ်သူတွေ မြန်မာနိုင်ငံမှာ အများအပြားရှိပါတယ်။ ဟိုးအရင်ကတော့ ဆိုင်ကယ်ဒီဇိုင်း ပိုလှချင်ရင် Modified လုပ်ပြီး စီးနင်းကြလေ့ရှိပေမဲ့ အခုနှစ်တွေ နောက်ပိုင်းမှာတော့ စျေးကွက်လိုအပ်ချက်အပေါ်မူတည်လို့ ဘီးကြီးဆိုင်ကယ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Modified လုပ်ပြီးသား ဆိုင်ကယ်တွေ ထုတ်လုပ်လာတာကြောင့် အဆင်သင့် စီးနင်းလို့ ရလာပါတယ်။ အဲဒီထဲမှာ မန္တလေးမြို့ ဆိုင်ကယ်နန်းတော်အရောင်းပြခန်းကနေ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ တင်သွင်းတဲ့ KEETO R15 ဆိုင်ကယ်အမျိုးအစားကို မိတ်ဆက်ဖော်ပြလိုက်ပါတယ်။

KEETO R15 ဆိုင်ကယ်ဟာ တရုတ်ပြည်ရဲ့ အင်ဂျင်ထုတ်လုပ်မှု အများဆုံး Zhong Shen အင်ဂျင် အသုံးပြုထားသလို 175 CC နဲ့ ထုတ် လုပ်ထားတာကြောင့် တောင်တက်ခရီးတွေမှာပါ အဆွဲအရုန်း ကောင်းမွန် စေမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်ရှေ့မီးကြီးကိုလည်း ပုံမှန် အနိမ့်အမြင့် မီးကြီးအပြင် အပြာ၊ အနီစပ် ရောင်စုံမီးတွေနဲ့ပါ အလှဆင်ထားပြီး ယာဉ် ကျော်တက်ရာမှာသုံးတဲ့ အချက်ပြမီး၊ အင်ဂျင် Stop ခလုတ် စတာတွေပါ တပ်ဆင်ပေးထားသလို ဘရိတ်ကိုလည်း ရှေ့ Disc ၊ နောက် Disc အသုံး ပြုထားတဲ့အတွက် အရှိန်နှုန်းကို တိတိကျကျ ထိန်းချုပ်ပေးနိုင်မှာပါ။
အိပ်ဇောကိုလည်း ဆိုင်ကယ်ဘီးကြီးတွေရဲ့ထုံးစံအတိုင်း အနည်းငယ် မြှင့်ထားသလို အိပ်ဇောသံ၊ စက်သံတွေငြိမ်တာကြောင့် စက်သံဆူညံမှု မရှိစေရေး စည်းကမ်းတင်းကြပ်ထားတဲ့ မြို့တွေမှာပါ လွယ်လွင့်တကူ သွားလာနိုင်မှာ ဖြစ်ပါတယ်။

ထူးခြားတာက ဆိုင်ကယ်အိပ်ဇောမှာ ရောင်ပြန်စတစ်ကာတွေ ကပ် ပေးထားတာအပြင် ဆိုင်ကယ်မောင်းသူနဲ့ နောက်ကလိုက်ပါသူတွေရဲ့ ခြေနင်းတံကို ရွေရောင်ခြေနင်းတံတွေ တပ်ဆင်ပေးထားပြီး လက်ကိုင် တန်းကိုလည်း ရွေရောင်ဖန်စီ လက်ကိုင်တန်းနဲ့ မွမ်းမံထားပါတယ်။ အဲဒီ လို Modified လုပ်ထားတဲ့ အရာတွေဟာ ဆိုင်ကယ်နောက်ကလိုက်ပါသူကို တိုက်ရိုက်အကျိုးမခံစားရပေမဲ့ ဆိုင်ကယ် Fashion လှပမှုကြောင့် မောင်း နှင်သူအတွက်တော့ ယုံကြည်မှုရှိစေမှာပါ။
အရောင်တွေအနေနဲ့လည်း အနီရောင်၊ အနက်ရောင်၊ အပြာရောင် စတဲ့ အရောင်သုံးမျိုးနဲ့ ထုတ်လုုပ်ထားသလို အင်ဂျင်အာမခံကိုလည်း တစ်နှစ်ပေးထားတာကြောင့် အမျိုးသားတွေ အကြိုက်တွေ့စေနိုင်မှာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here