Model Year Up ကားများအပေါ်ကောက်ခံနေသည့် ဒဏ်ကြေးများ ဖြေလျှော့ပေးရန်  စီစဉ်နေသော်လည်း  Model Year Down ကားများကိုမူ ဒဏ်ကြေးပြင်ဆင်မည်မဟုတ်

730

ရန်ကုန်၊ မေ

Model Year Up ကားများအပေါ် ကောက်ခံနေသည့် ဒဏ်ကြေးများ ဖြေလျှော့ပေးရန် စီစဉ်နေသော်လည်း Model Year Down ကားများကိုမူ ဒဏ်ကြေးပြင်ဆင်မည်မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

၂ဝ၁၇ ခုနှစ်အတွက် ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန် ဒဏ်ကြေး ထုတ်ပြန်ကြေညာခဲ့ရာတွင် Model Year Down တင်သွင်းလာခြင်းအတွက် One Year Down နှင့် Two Year Down ကို သိမ်းဆည်းပြစ်ဒဏ်၊ သတ်မှတ်ဘောင် နှစ်ကာလအတွင်း နိမ့်ခြင်းကို 1/2AV ဒဏ်ကြေးသတ်မှတ်ခဲ့သည်။ Model Up တင်သွင်းလာခြင်းအတွက် သတ်မှတ်ဘောင် နှစ်ကာလအတွင်း မြင့်ခြင်းကို 1/48AV ၊ သတ်မှတ်ဘောင် နှစ်ကာလအထက် မြင့်ခြင်းကို 1/24AV ဒဏ်ကြေး သတ်မှတ်ခဲ့သည်။

”အကောက်ခွန် ဒဏ်ကြေးတွေကို ဖြေလျှော့ပေးဖို့ စီစဉ်နေပါတယ်၊ ဖြေလျှော့ပေးမယ့်အချက်တွေကို တရားဝင်ထုတ်ပြန်ကြေညာပေးနိုင်ဖို့အတွက်လည်း ဆောင်ရွက်နေပါတယ်၊ ဖြေလျှော့ပေးမယ့်အချက်တွေထဲမှာ Model Year Up တင်သွင်းမှုတွေ ပါဝင်တယ်၊ ဒါပေမဲ့ Model Year Down တင်သွင်းမှုကိုတော့ ဖြေလျှော့ပေးချင်ပေမဲ့လည်း ဥပဒေလိုက်နာမှု အားနည်းနိုင်တဲ့အတွက် အရင်သတ်မှတ်ချက်အတိုင်း ဆက်ပြီး အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၁၈ ခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးများ ပြင်ဆင်ရန် နှစ်အလိုက်ကောက်ခံခဲ့သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို စာရင်းပြုစုနေသလို မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမူဝါဒအရ ခေတ်နှင့် လျော်ညီမှုရှိစေရန် ဒဏ်ကြေးအချို့ကို ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here