လျှပ်စစ်ကားများကိုသာ သီးသန့် ထုတ်လုပ်လျက်ရှိသည့် အမေရိ ကန်ကားကုမ္ပဏီ Tesla က ၎င်း တို့၏ Model S ကားမှာ ဘက် ထရီအား တစ်ခါဖြည့်ထားရုံဖြင့် မိုင်လေးရာစွန်းစွန်းအထိ မောင်း နှင်နိုင်ကြောင်း ကြေညာခဲ့သည်ဟု CNN သတင်းဌာနက ဇွန် ၁၆ ရက်တွင် ဖော်ပြသည်။
ကားများမှ ထုတ်လွတ်သော ဓာတ်ငွေ့ကြောင့် သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ရေး အတွက် ကာဗွန်ဒိုင်အောက်ဆိုက် လုံးဝ ထုတ်လွတ်မှုမရှိသော ကား များကိုသာ သီးသန့်ထုတ်လုပ်သည့် Tesla သည် Model S ကို ၂ဝ၁၂ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ် သည်။ တံခါးငါးပေါက်ပါ Liftback ဆီဒန်အမျိုးအစား Model S သည် လေးဘီးယက် အမျိုးအစားဖြစ်ကာ ၂ ဒသမ ၃ စက္ကန့်အတွင်း သုည မိုင်မှ မိုင်ခြောက်ဆယ်အထိ အရှိန် တင်နိုင်သလို အမြင့်ဆုံးအနေဖြင့် တစ်နာရီ ၁၆၃ မိုင်နှုန်းအထိ မောင်း နှင်နိုင်သည်။
Tesla ၏Founder တစ်ဦး ဖြစ်သူ Elon Musk က လွန်ခဲ့သည့် တစ်လအတွင်း ၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်သော Model S အနေ ဖြင့် ဘက်ထရီအား တစ်ခါဖြည့် သွင်းရုံဖြင့် မိုင်လေးရာကျော်အထိ မောင်းနှင်နိုင်မည်ဟု ကတိပေးခဲ့ပြီး နောက် ၄ဝ၂ မိုင်နှုန်းအထိ မောင်း နှင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Model Sသည် လျှပ်စစ်ကားများ အနက် ဘက်ထရီအား တစ်ကြိမ် ဖြည့်သွင်းရုံဖြင့် ခရီးအကွာအဝေး မိုင် အများဆုံးမောင်းနှင်နိုင်သော လျှပ်စစ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့ သည်။
Tesla သည် ၂ဝ၁၉ ခုနှစ် အတွင်း ဘက်ထရီအမျိုးအစားတူ Model S 100D ကားကို စမ်းသပ် မောင်းနှင်စဉ်က မိုင် သုံးရာကျော် အထိသာ ရောက်ရှိခဲ့ပြီး အဆင့်မြှင့် တင်မှုများ ထပ်မံ ပြုလုပ်ခဲ့ခြင်း ကြောင့် မိုင်လေးရာစွန်းစွန်းအထိ မောင်းနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။Tesla Model S ၏အောင်မြင်မှုမှာ လျှပ်စစ်ကားထုတ်လုပ်ရန် ကြိုးစား နေသော အခြားပြိုင်ဘက်ကုမ္ပဏီ များထက် ခြေတစ်လှမ်း ထပ်တိုး လိုက်နိုင်သော အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာ များက ဖော်ြပသည်။
Ref: CNN