ရန်ကုန်၊ မတ်
Mitsubishi Motors Myanmar မှ သကြင်္န်လက်ဆောင်အဖြစ် Mitsubishi Service Center တွင် အခမဲ့ယာဉ်ကြံ့ခိုင်မှု စစ်ဆေးပေးနေပြီးပြင်ဆင်စရိတ်နှင့် အပိုပစ္စည်းများကိုလည်း Discount စျေးများ သတ်မှတ်ထားကြောင်း သိရသည်။
နှစ်သစ်ကူးသကြင်္န်ကာလ တွင် ခရီးသွားလာမည့်သူများကို အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် Mitsubishi Service Center တွင် မည်သည့်ကားအမျိုးအစားကိုမဆို ဧပြီ ၁၂ ရက်အထိ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းကို အခမဲ့စစ်ဆေးပေးမည်ဖြစ်သလို ပြင်ဆင်စရိတ်နှင့် အပိုပစ္စည်းများ အတွက်လည်း Discount စျေးများဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
”ကားရဲ့ကြံ့ခိုင်မှုစစ်ဆေးချက် ၃၂ ချက်အထိ အခမဲ့စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ပြင်ဆင်ရမယ့် အချက်တွေကို တွေ့ရှိရင် Customer က ပြင်ဆင်ပေးပါဆိုရင် ပြင်ဆင်စရိတ်နဲ့ အပိုပစ္စည်းစျေးတွေကို Discount စျေးတွေသတ်မှတ်ပေးထားပါတယ်။ သကြင်္န် လက်ဆောင်အစီအစဉ်မှာ ကြံ့ခိုင်မှု စစ်ဆေးမယ့် ကားတွေကို အမျိုးအစား ခွဲခြားမထားပါဘူး”ဟု Mitsubishi Motors Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အခမဲ့စစ်ဆေးပေးမည့် အချက်များမှာ ကားခါးပတ်ကြိုးနှင့် ခေါင်းမှီစစ်ဆေးခြင်း၊ ကလပ်စစ်ဆေးခြင်း၊ ဘရိတ်စစ်ဆေးခြင်း၊ နောက်ကြည့်မှန်စစ်ဆေးခြင်း၊ ကားမီးစစ်ဆေးခြင်း၊ အချက်ပြမီးစစ်ဆေးခြင်း၊ ကားဟွန်းစစ်ဆေးခြင်း၊ ကားဝိုက်ပါစစ်ဆေးခြင်း၊ ကားတံခါးလော့စစ်ဆေးခြင်း၊ ကားပါဝါဝင်းဒိုးစစ်ဆေးခြင်း၊4WD စစ်ဆေးခြင်း၊ ကားအဲကွန်းစစ်ဆေးခြင်း၊ ကားအင်ဂျင် Starting စစ်ဆေးခြင်း၊ ဘက်ထရီစစ်ဆေးခြင်း၊ အင်ဂျင်ဝိုင်စစ်ဆေးခြင်း၊ အော်တိုဝိုင်စစ်ဆေးခြင်း၊ ဘရိတ်ဆီနှင့် ကလပ်ဆီစစ်ဆေးခြင်း၊ ပါဝါစတီယာရင်စစ်ဆေးခြင်း၊အင်ဂျင် Coolant စစ်ဆေးခြင်း၊ မှန်ကြည်ဆေး စစ်ဆေးခြင်း၊ Shock Absorber စစ်ဆေးခြင်း၊ CV Joint စစ်ဆေးခြင်း၊ Drive Shaft Boot စစ်ဆေးခြင်း၊ စတီယာရင်စစ်ဆေးခြင်း၊ တာယာစစ်ဆေးခြင်း၊ အိတ်ဇော စစ်ဆေးခြင်း၊ ဘော်ဒီစစ်ဆေးခြင်း၊ ကားဆေးစစ်ဆေးခြင်း၊ ကားမှန်စစ်ဆေးခြင်း၊ Exterior Light Damage စစ်ဆေးခြင်း၊ 3D Alignment စစ်ဆေးခြင်းများ ပါဝင်ကြောင်း သိရသည်။
ဆန်းသစ်အောင်