Mitsubishi Myanmar  မှ ၂ဝ၁၈ မိုဒယ်  ကားအမျိုးအစား ငါးမျိုးကို ပြည်တွင်းစျေးကွက်အတွင်း စတင်ရောင်းချ

1378

ရန်ကုန်၊ မတ်

Mitsubishi Myanmar မှ ၂ဝ၁၈ မိုဒယ် ကားအမျိုးအစား ငါးမျိုးကို ပြည်တွင်းစျေးကွက်အတွင်း စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ မိုဒယ် ကားသစ်များ ဖြစ်သည့် L 200 Double Cab ကားသည် 2.5 L ဒီဇယ်အင်ဂျင်အမျိုးအစား၊ Automatic Transmission ၊ 4WD ၊ တံခါးလေးချပ် ငါးယောက်စီး ကားအမျိုးအစား ဖြစ်သည်။ Pajero Sport ၂ဝ၁၈ မိုဒယ်သည် 2.4 L ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ်ပြီး Automatic Transmission ၊ 4WD တံခါးငါးချပ် ခုနစ်ယောက်စီး ကားအမျိုးအစား ဖြစ်သည်။

၂ဝ၁၈ မိုဒယ် ASX ကားသစ် သည် 2.0 L ဓာတ်ဆီအင်ဂျင်၊ Automatic Transmission ၊ 2WD ၊ တံခါးငါးချပ် ငါးယောက်စီးကား အမျိုးအစားဖြစ်ပြီး Pajero ၂ဝ၁၈ မိုဒယ်သည် 3.2 L ဒီဇယ်အင်ဂျင်၊ Automatic Transmission ၊ 4WD ၊ တံခါးငါးချပ် ခုနစ်ယောက်စီး ကားအမျိုးအစား ဖြစ်သည်။

Attrage ၂ဝ၁၈ မိုဒယ် ကားသစ်သည် 1.2 L ဓာတ်ဆီအင်ဂျင်၊ Automatic Transmission ၊ 2WD ၊ တံခါးလေးချပ် ငါးယောက်စီး ကားအမျိုးအစားဖြစ်သည်။

Mitsubishi Myanmar မှ L200 Single Cab ၂ဝ၁၇ မိုဒယ် ကို အမေရိကန်ဒေါ်လာ ၂၁,၅ဝဝ၊ Mirage ၂ဝ၁၇ မိုဒယ်ကို အမေရိကန်ဒေါ်လာ ၁၉,၅ဝဝ နှင့် ရောင်းချပေးလျက်ရှိပြီး ၂ဝ၁၈ မိုဒယ်ကားများဖြစ်သည့် L200 Double Cab ကို အမေရိကန်ဒေါ်လာ ၃၉, ၉ဝဝ၊ Pajero ကို ဒေါ်လာ ၉၄,၈ဝဝ၊ ASX ကို အမေရိကန်ဒေါ်လာ ၄၆,၉ဝဝ နှင့် Attrage ကို အမေရိကန်ဒေါ်လာ ၁၈,၉ဝဝ ဖြင့် ရောင်းချပေးနေကာ နှစ်သစ်သကြင်္န် အထူးအစီအစဉ်အဖြစ် သကြင်္န်ကာလ မတိုင်မီ ဝယ်ယူမည့်သူများကိုမူ ရင်းရောင်းစျေးမှ အမေရိကန်ဒေါ်လာငါးရာအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here