Mitsubishi Motors မှ Yangon License Special Offer အစီအစဉ်ဖြင့် Pre-Order စတင်လက်ခံနေ

423

ရန်ကုန်၊ ဇွန်

Mitsubishi Motors မှ Yangon License Special Offer အစီအစဉ်ဖြင့် Pre-Order စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်းYVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ထုတ်ပေးဖွယ်ရှိရာ Mitsubishi Motors မှ Yangon License Special Offer အစီအစဉ်ဖြင့် Pre-Order စတင်လက်ခံနေပြီး ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ပြုသည့် အချိန်ရောက်လျှင် ကားလွှဲပြောင်းပေးအပ်မည် ဖြစ်သည်။ Yangon License Special Offer အစီအစဉ်သည် ရန်ကုန်လိုင်စင်အတွက် ကျသင့်မည့်တန်ဖိုးထဲမှ ဝယ်ယူမည့် ကားအမျိုးအစားအလိုက် သက်သာခွင့်ပေးထားသည့် အစီအစဉ်ဖြစ်ပြီး Mitsubishi Brand New ကားများဖြစ်သည့် Pajero Sport နှင့် L200 Single Cab ကိုဝယ်ယူပါက ဝယ်ယူသူကိုယ်စား ရန်ကုန်လိုင်စင်ခကို အရောင်းကိုယ်စားလှယ်က ပေးဆောင်မည်ဖြစ်သည်။ ထို့ပြင် ASX နှင့် L200 Double Cab ကို ဝယ်ယူပါက ကျပ်သိန်းသုံးဆယ်၊  Attrage နှင့် Mirage ကိုဝယ်ယူပါက ကျပ် ၁၅ သိန်း ရန်ကုန်လိုင်စင်ခ ကျခံပေးမည်ဖြစ်သည်။

ရန်ကုန်လိုင်စင်ဖြင့် Mitsubishi ကားသစ်များဝယ်ယူလိုပါက Offer ရယူရန်အတွက် Pre-Order ပြုလုပ်ချိန်တွင် ကားတန်ဖိုး၏ ၁ဝ ရာခိုင်နှုန်း Deposit ပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် Mitsubishi Motors Yangon Showroom တွင် Pajero Sport ၊ ASX  ၊ L200 Double Cab တို့ကို Test Drive စမ်းသပ်မောင်းနှင်ရန် ကြိုတင်ဖုန်းခေါ်ပြီး Booking ပြုလုပ်နိုင်ကြောင်းလည်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here