Mitisubishi Myanmar Motor မှ Sedan အမျိုးအစား Attrage 2018 မိတ်ဆက်ပြသမည်

1362

Mitisubishi Myanmar Motor မှ Sedan အမျိုးအစား Attrage 2018 မိုဒယ်ကို ပြည်တွင်းကားစျေးကွက်သို့ မိတ်ဆက်ပြသရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

 

Sedan အမျိုးအစား Attrage မိုဒယ်ကားသစ်ကို မြန်မာနိုင်ငံ၏ စက်သုံးဆီအရည်အသွေးနှင့် ကိုက်ညီအောင် ထုတ်လုပ်ထားပြီး အင်ဂျင်ပါဝါ ၁၂ဝဝ စီစီသာရှိသည့်အတွက်လည်း ဆီစားနှုန်း သက်သာစေမည်ဖြစ်သည်။ ၂ဝ၁၈ မိုဒယ် Mitisubishi Attrage ကို လာမည့် ဇန်နဝါရီလအတွင်း စတင်မိတ်ဆက်ပြသရောင်းချမည် ဖြစ်ကြောင်း သိရ သည်။

”လက်ရှိအချိန်မှာ Mitisubishi Attrage ကိုဝယ်ယူမယ့် customer တွေအတွက် Pre Order စတင်လက်ခံပေးနေပါတယ်၊ Sedan ကား အမျိုးအစားဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့လမ်းစနစ်နဲ့ သင့်လျော်အောင် Suspension ကို မြင့်ထားတယ်၊ အင်ဂျင်ပါဝါ ၁၂ဝဝ စီစီသာ ရှိတဲ့အတွက် ဆီစားနှုန်းသက်သာစေမှာဖြစ်ပြီး မြန်မာနိုင်ငံမှာရောင်းချနေတဲ့ စက်သုံး ဆီတွေနဲ့ သင့်လျော်မှုရှိအောင် ထုတ်လုပ်ထားပါတယ်”ဟု Mitisubishi Myanmar Motor မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စျေးကွက်အတွင်း မိတ်ဆက်ပြသတော့မည့် Sedan အမျိုးအစား Attrage ၂ဝ၁၈ မိုဒယ်ကားသစ်ကို GLX နှင့် GLS ဟူ၍ ဂရိတ်နှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး တန်ဖိုးမှာ အခွန်အားလုံးအပါအဝင် ကျပ် သိန်း ၂၈ဝ ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here