ရန်ကုန်၊ ဇွန် ၂၉
MG Motor Myanmar မှ SUV ကားအမျိုးအစားသုံးခုကို အထူးအစီအစဉ်များဖြင့် ပြသရောင်းချမည် ဖြစ်ကြောင်း သိရသည်။
MG Motor Myanmar မှTime City Promotion Area တွင် MG RX5 ၊ MG HS ၊ MG ZS တို့ကို ဇူလိုင် ၃ ရက်(ယနေ့)မှ ၅ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Test Drive မောင်းနှင်နိုင်မည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။
အင်္ဂလန်နိုင်ငံအခြေစိုက် ကား ကုမ္ပဏီ MG Brand ထဲမှ MG RX5 ၊ MG HS ၊ MG ZS တို့ကို ပြည်တွင်းစျေးကွက်တွင် စတင် ရောင်းချပေးနေပြီ ဖြစ်သည်။ MG ZS သည် (1.5 Major) Petrol Engine 4-Speed Auto Gear ကို တပ်ဆင်ထားသော ကားဖြစ်သည်။ MG RX5 သည် 1.5L Turbo Charged Engine 7-Speed TST Gear Box ကို အသုံးပြုထား ပြီး MG HS တွင် 2.0 NLE Gaso- line Turbo Engine 6TST Tran-smission ကို အသုံးပြုထားသည်။
“ပရိုမိုးရှင်း ကာလအတွင်းမှာ ကားဝယ်ယူမယ်ဆိုရင် အထူးအခွင့် အရေးအနေနဲ့ ကုမ္ပဏီဘက်ကနေ ဝယ်ယူတဲ့ကားရဲ့ဝင်ငွေခွန်ကို ပေး ဆောင်မှာ ဖြစ်ပါတယ်၊ ဒါ့ပြင် မိုး ရာသီနဲ့ အလိုက်ဖက်ဆုံး ကားဖြစ်တဲ့ RX5 ကို ဝယ်ယူမယ်ဆိုရင် Cashback အမေရိကန်ဒေါ်လာ ၁,၅ဝဝ ပေးအပ်သွားမှာ ဖြစ်ပါ တယ်”ဟု MG Motor Myanmar မှ Marketing Manager မယမုံဦး က ပြောသည်။
MG Motor Myanmar မှ MG RX5 ကို အမေရိကန်ဒေါ်လာ ၃၈,ဝဝဝ၊ MG HS ကို အမေရိကန် ဒေါ်လာ ၄၅,၉၉ဝ ၊ MG ZS ကို အမေရိကန်ဒေါ်လာ ၂၄,ဝဝဝ တို့ဖြင့် ရောင်းချမည်ဖြစ်ပြီး သုံးနှစ်၊ သို့မ ဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားသည်။
ရဲထွန်းေကျာ်