MG Myanmar မှ MG ကားအမျိုးအစားသုံးမျိုးကို Christmas Sales အစီအစဉ်ဖြင့် ရောင်းချမည်

81

 

ရန်ကုန်၊ ဒီဇင်ဘာ
MG Myanmar မှ MG ကားအမျိုးအစားသုံးမျိုးကို Christmas Sales အစီအစဉ်ဖြင့် ဒီဇင်ဘာလကုန်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

MG Myanmar မှ ပြုလုပ်မည့် Christmas Sales အစီအစဉ်တွင် MG ZS ၊ MG HS ၊ MG RX5 အစရှိသည့် MG ကားများ ကို အထူးအစီအစဉ်များဖြင့် ရောင်း ချမည် ဖြစ်သည်။

“Christmas Sales အစီအစဉ်မှာ MG ZS နဲ့ HS ကို ဝယ်ယူမယ်ဆိုရင် 1 Year Free Insurance ၊ 2 Times Free Engine Oil Replacement ၊ Floor Mat and Rain Visor Gift Set ၊ Road Side Assist Service (1 Year)နဲ့ MG RX5 ကို 1 Year Free Insurance ၊ 6 Times Free Engine Oil Replacement ၊ Floor Mat and Rain Visor Gift Set ၊ Road Side Assist Service (1 Year) ရရှိမှာ ဖြစ်ပါတယ်”ဟု MG Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

MG Myanmar မှ MG ZS ကို ကျပ် ၃၁၅ သိန်း၊ MG HS ကို ကျပ် ၆၀၂ သိန်း၊ MG RX5 ကို ကျပ်သိန်း ၄၇၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အဆိုပါကားများအတွက် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here