MG Motor Myanmar မှ MG ကားအမျိုးအစားသုံးမျိုးကို Big Promotion အစီအစဉ်ဖြင့်ရောင်းချမည်

103

 

ရန်ကုန်၊ နိုဝင်ဘာ ၁၀

MG Motor Myanmar မှ MG ကားအမျိုးအစား သုံးမျိုးကို Big Promotion အစီအစဉ်ဖြင့် နိုဝင်ဘာလကုန်အထိရောင်းချမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ MG Big Promotion အစီအစဉ်တွင် MG ZS ၊ MG HS ၊ MG RX5 တို့ကိုအထူးအစီအစဉ်များဖြင့် ရောင်းချမည်ဖြစ်သည်။

“ကမ္ဘာကျော်အင်္ဂလန်ကားအမှတ်တံဆိပ် MG Myanmar ရဲ့ November Big Promotion မှာ MG ZS ကို ဝယ်ယူမယ်ဆိုရင် 1 Year Insurance Free ၊ 2 Times Free Engine Oil Replacement ၊ Floor Mat & Rain Visor Gift Set ၊ Roadside Assistance Service (1 Year)တို့ကို ရရှိမှာဖြစ်ပြီး MG HS ကိုဝယ်ယူမယ်ဆိုရင် 1 Year Insurance Free ၊ 2 Times Free Engine Oil Replacement ၊ Floor Mat & Rain Visor Gift Set ၊ Roadside Assistance Service (1 Year)နှင့် MG RX5 ကိုဝယ်ယူမယ်ဆိုရင် 1 Year Insurance Free ၊ 6 Times Free Engine Oil Replacement ၊ Floor Mat & Rain Visor Gift Set ၊ Roadside Assistance Service (1 Year) တို့ကိုရရှိမှာဖြစ်ပါတယ်”ဟု MG Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

MG Myanmar မှ MG Big Promotion အစီအစဉ်ဖြင့်ဝယ်ယူမည်ဆိုပါက MG ZS ကို ကျပ် ၃၁၅ သိန်း၊ MG HS ကို ကျပ် ၆၀၂ သိန်း၊ MG RX5 ကို ကျပ်သိန်း၄၇၀ ဖြင့်ရောင်းချမည်ဖြစ်ပြီး အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်းသိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here