Mazda Myanmar မှ ၂ဝ၂ဝ မိုဒယ် Mazda CX5 ကို ပြည်တွင်း၌ စတင်မိတ်ဆက်

535

 

ရန်ကုန်၊ သြဂုတ်
Mazda Myanmar မှ ၂ဝ၂ဝ မိုဒယ် Mazda CX5 ကို ပြည်တွင်း ၌ စတင်မိတ်ဆက် ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၂ဝ မိုဒယ် Mazda CX5 သည် 2.0L Skyactiv အင်ဂျင် တပ်ဆင်ထားပြီး 6-Speed Skyactiv Transmission ကို အသုံး ပြုထားသော ငါးယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။

ကားအတွင်းပိုင်း အပြင်အ ဆင်များကို Mazda KODO Design Language ဖန်တီးမှုနှင့်အတူ မြင့်မားသော နည်းပညာစွမ်းဆောင် ရည်များ အသုံးပြုထားသည်။

”Mazda CX5 ၂ဝ၂ဝ မို ဒယ်မှာ အသစ်ပြောင်းလဲလာတာ တွေက 4 Auto Power Window ၊ Mazda Radar Cruise Control ၊ Apple CarPlay ၊ Andriod Auto ၊ Blind Spot Monitoring နဲ့ 360 View Camera စေတဲ့အချက်တွေ ပါဝင်လာပါ တယ်”ဟု Mazda Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Mazda Myanmar မှ ၂ဝ၂ဝ မိုဒယ်အမျိုးအစား Mazda CX5 ကို ဝယ်ယူမည်ဆိုလျှင် အမေ ရိကန်ဒေါ်လာ ၅၇,၉၉၉ ဖြင့်ရောင်း ချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားသည့်အပြင် Mazda ကားများကို ဈေးနှုန်းအသစ်များဖြင့် ရောင်းချ ပေးနေကြောင်း၊ ထို့ပြင်သုံးနှစ်စာ Road Side Assistance Service ကိုလည်း မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here