Mazda Myamar မှ Mazda CX 5 ကို The Best Deal ပရိုမိုးရှင်းအစီအစဥ်ဖြင့် ရောင်းချမည်

97

ရန်ကုန်၊ မေ ၂၂

Mazda Myamar မှ Mazda CX 5 ကို The Best Deal promotion အစီအစဉ်ဖြင့် အစီးရေအကန့်အသတ်နှင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Mazda CX 5 သည် Mid-Sized SUV ကားအမျိုးအစားဖြစ်ပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းကို Premium ဆန်ကာ ပြောင်မြောက်လှပသည့် ဒီဇိုင်းများဖြင့် ဖန်တီးထားသည်။အင်ဂျင်ပါဝါအနေဖြင့် SKYACTIV-G 2.0Lကို တပ်ဆင်ထားပြီး အတွင်းပိုင်းတွင် Cruise Control ၊ Sound System 9 Bose Speaker ၊ Bluetooth Handsfree Phone and Audio Capability ၊ CD Player ၊ Single Disc(MP3) ၊ DVD Player ၊ Rear Camera Leather Seat ၊ Traction Control System(TCS) ၊ i-stop ၊Push-Start ၊ Rain Sensor ပါဝင်သလို လုံခြုံရေးပိုင်းအတွက် လေအိတ်ခြောက်လုံး တပ်ဆင်ထားသည်။

“Mid-Sized SUV ထဲမှာ အကောင်းဆုံး Premium Quality တွေနဲ့အတူ Mazda ရဲ့ G-Vectoring Control နည်းပညာကိုအသုံးပြုထားတဲ့ Mazda CX 5 ကို ဝယ်ယူမယ်ဆိုရင် အထူးဈေးနှုန်းနဲ့အတူ ဝယ်ယူနိင်မှာဖြစ်ပြီး အစီးရေအကန့်အသတ်နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်” ဟု Mazda Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Mazda Myanmar မှ Mazda CX 5 ကိုဝယ်ယူမည်ဆိုပါက မူရင်းဈေးထက်လျော့သည့် အထူးဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၉,၉၉၉ မှ စတင်ပြီး ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here