မန္တလေး၊ မေ
ဂျပန်နိုင်ငံ Mazda ကုမ္ပဏီထုတ် CX Series ဖြစ်သည့် All New Mazda CX-3 Launch ကားအမျိုးအစားသစ်ကို မန္တလေးကားစျေးကွက်အတွင်း ဧပြီ ၂၇ ရက်မှ စတင်မိတ်ဆက် ရောင်းချလျက်ရှိကြောင်း သိရသည်။
All New Mazda CX-3 Launch ကားသစ်ကို ဧပြီ ၂၇ ရက်၌ Mandalay Hill Resort တွင် စတင်မိတ်ဆက်ခဲ့ပြီး ပွဲချိန်အတွင်း ဝယ်ယူသည့် Customer များအား Discount Promotion အဖြစ် ဒေါ်လာ ရှစ်ထောင် စျေးလျှော့ရောင်းချပေးခဲ့ပြီး Car Accessories ၊ Free Service ငါးကြိမ်နှင့် အာမခံ တစ်နှစ် လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်ဂျင်အမျိုးအစားမှာ SKYACTIV-G Engine 2.0 (Gasoline)၊ Semi Auto 6 Speed Transmission ဖြစ်ပြီး အရောင်များအနေဖြင့် Soul Red Metallic ၊ MachineGrey Metallic ၊ Ceramic Metallic ၊ Eternal Blue Mica Titanium Flash Mica ၊ Deep Crystal Blue Mica ၊ Snowflake White Pearl Mica ၊ Jet Black Mica နှင့် Arctic White တို့ဖြစ်ကြောင်းနှင့် Leather Seats အပြင် Safety အတွက် Airbag ခြောက်လုံး၊ LED Daytime Running Light ၊LED Head Lamps ၊ Electronic Brake Distribution (EBD) ၊ Lane Departure Warning System ၊ Mazda Commander Control ၊ Head-up Display နှင့် Cruise Control စသဖြင့် ပါဝင်ကြောင်း သိရသည်။
စျေးနှုန်းကို အမေရိကန်ဒေါ်လာ ၄၉,၉၉၉ ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး Warranty သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း ပါရှိသည်။
ပြည်ဘုန်းမောင်