Mazda မှ All New 2017 Mazda CX-9 ကားအမျိုးအစားကို City Mall (စိန့်ဂျွန်း)တွင် မိတ်ဆက်ပွဲပြုလုပ်

871

Mazda ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေသော Automobile Alliance ကုမ္ပဏီမှ All New 2017 Mazda CX-9  Preview Launch  ပွဲကို ဃှွှု့ ဗြူူ (စိန့်ဂျွန်း)တွင် နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည်။

 

ဂျပန်နိုင်ငံထုတ် ခုနစ်ယောက် စီး All New CX-9 သည် ခုနစ်ယောက်စီး SUV အမျိုးအစားဖြစ်သည်။ ဆွဲဆောင်မှုရှိပြီး ခံ့ညားလှပသည့် Kodo Design အပြင်  ဆီစားနှုန်း အထူးသက်သာသော SKYACTIV G Technology ပါဝင် အသုံးပြုထားပြီး 2.5 Gasoline (Dynamic Turbo)၊ 6 Speed Automatic Transmission အမျိုးအစားဖြစ်သည်။

 

ထို့ပြင် ရှေ့မီးခွက်တွင် Adaptive  LED Headlight ကို အသုံးပြုထားပြီး လက်မနှစ်ဆယ်အလွိုင်း၊ ခုနစ်လက်မ Touchscreen နှင့် Speaker ၁၂ လုံးပါဝင်သော Bose Premium Sound System တပ်ဆင်အသုံးပြုထားသည် ။ အတွင်းခန်းတွင် သက်သောင့်သက်သာရှိစေသော Leather Seat ကို အသုံးပြုထားပြီး အခြားပါဝင်ပစ္စည်း များအဖြစ် Lanekeep Assist System(LAS) ၊ Electronic Parking Brake Power Liftgate G Vectoring Control i-activ AWD Heads-up Display  Sensors Original  Wide View Rear Camera Mazda Commander Control  စသည်တို့ ပါဝင်သည်။

 

Mazda CX-9 ကို ဝယ်ယူသူများအနေဖြင့် Soul Red Crystal  Metallic ၊ Machine Grey Metallic ၊Snowflake White Pearl Mica ၊Jet Black Mica ၊ Deep Crystal Blue Mica ၊Titanium Flash Mica  နှင့် Sonic Silver Metallic စသည့် စိတ်ကြိုက် အရောင်ခုနစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်သည်။ Mazda CX-9  ကားကို စျေးနှုန်း အမေရိကန်ဒေါ်လာ ၈၂,၉၉၉ မှ စတင် ရောင်းချမည်ဖြစ်ပြီး ပြပွဲစတင်ပြုလုပ်သည့် နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း လာရောက် ဝယ် ယူမည်ဆိုပါက Discount အမေရိကန်ဒေါ်လာ ရှစ်ထောင်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here