Matador သုံးဘီးဆိုင်ကယ်များကို အဓိကမြို့ကြီးများ၌ MEGA Service Camp ပြုလုပ်ပေးမည်

1235

မန္တလေး၊ ဇွန် ၂၆

Kawasaki နှင့် Vespa ဆိုင်ကယ်များကို မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းလျက်ရှိသော UMG Motors ကုမ္ပဏီမှ Matador သုံးဘီးဆိုင်ကယ်များအား မန္တလေး၊ စစ်တွေ၊ ပဲခူးအပါအဝင် အဓိကမြို့ကြီးများ၌အခမဲ့စစ်ဆေးပေးမည့် MEGA Service Camp ကို ဇွန် ၂၈ ရက်တွင်စတင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

‘‘Matador သုံးဘီးဆိုင်ကယ်တွေကို ၂ဝ၁၇ ခုနှစ်ကတည်းကစသွင်းလာတာ အခုဆိုရင် တစ်နှစ်ကျော်လာပြီ၊ တစ်နှစ်ကျော် အတွင်းမှာ ဝယ်ယူပြီးသား Customer တွေနဲ့ ချစ်ကြည်ရင်းနှီးမှုရှိအောင်၊ Care လုပ်ပြီးသား ဖြစ်အောင်လို့ အခု MEGA Service Camp ကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ပထမဦးဆုံး မန္တလေးမှာ စလုပ်ပြီးတာနဲ့ မကြာခင် တခြားမြို့တွေမှာပါ ဆက်တိုက်လုပ်ဆောင်သွားမယ်’’ ဟု UMG Motors ၏ General Manager ဖြစ်သူ Mr.Yuno က ပြောသည်။
ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် MEGA Service Camp ကို ဇွန် ၂၈ ရက်မှ ၃ဝ ရက်အထိသုံးရက်တိုင်တိုင် နံနက် ကိုးနာရီမှ ညနေ လေးနာရီအထိ ပြုလုပ်သွားမည် ဖြစ်ပြီး Matador သုံးဘီးဆိုင်ကယ်များအား အခမဲ့စစ်ဆေးပေးခြင်း၊ အခမဲ့ပြုပြင်ပေးခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမြို့များရှိ ဝပ်ရှော့ဆရာများကိုပါ ဖိတ်ကြား၍ Matador သုံးဘီးပြုပြင်နည်းများကိုပါ Training ပြုလုပ်ပေးမည်ဖြစ်ကာ အပိုပစ္စည်းများကိုလည်း အထူးလျှော့စျေးများဖြင့် အာမခံရောင်းချသွားမည်ဖြစ်ကြောင်း UMG Motors ကုမ္ပဏီမှသိရသည်။ Matador သုံးဘီးဆိုင်ကယ်များကို အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ဓာတ်ဆီသုံး 200 CC ကို ကျပ် ၄၂ သိန်း၊ ဒီဇယ်သုံး 400 CC ကို ကျပ် ၄၈ သိန်းခွဲ စသောစျေးနှုန်းများဖြင့်ရောင်းချပေးနေကာ မြန်မာတစ်နိုင်ငံလုံးရှိ UMG Motors ရုံးခွဲများတွင် ယ်ယူရရှိနိုင်ကြောင်းသိရသည်။
ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here