ရန်ကုန်၊ ဒီဇင်ဘာ
Mask တပ်ဆင်ခြင်းမရှိသည့် ခရီးသည်များ YBS စီးခွင့်မပြုရန်အတွက် ယာဉ်မောင်းများကို ထပ်မံ အသိပေးပြောကြားထားပြီးဖြစ်သ လို Mask တပ်ဆင်ခြင်းမရှိသည့် ယာဉ်မောင်းများကို စောင့်ကြည့်စစ်ဆေးရန်အတွက် ယာဉ်လိုင်းကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
Covid-19 ရောဂါကို ကာ ကွယ်နိုင်ရန်အတွက် မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန် ညွှန်ကြားထားပြီး ဒဏ်ရိုက်အရေး ယူခြင်းများကိုလည်း မြို့နယ်အလိုက်ဆောင်ရွက်ရန် စီစဉ်မှုများ ရှိ နေကြောင်း သိရသည်။ ထို့ပြင် Mask တပ်ဆင်ခြင်းမရှိသည့် ခရီး သည်များကို YBS ယာဉ်များပေါ် တွင် လုံးဝတင်ဆောင်ခြင်းမပြုရန် အထူးကြပ်မတ် ဆောင်ရွက်မည်ဖြစ်ပြီး Mask တပ်ဆင်ခြင်းမရှိသည့် ယာဉ်မောင်းများကိုလည်း ပြင်းထန်သည့် ပြစ်ဒဏ်များဖြင့် အရေးယူမှုများပြုလုပ်မည်ဖြစ်သည်။ ထိုကဲ့သို့ အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ယာဉ်လိုင်းကုမ္ပဏီများက မိမိတာဝန်ယူထားသည့် ယာဉ်များကို စောင့်ကြည့်စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။
“Mask မတပ်တဲ့ခရီးသည် ကို ကားပေါ်လုံးဝမတင်ဖို့အတွက် ထပ်ပြီး ညွှန်ကြားထားတယ်၊ ကားပေါ်မှာမှ မဟုတ်ဘူး၊ လမ်းပေါ်မှာ Mask မတပ်ဘဲနဲ့ ယာဉ်ပေါ်တက် ခါနီးမှ Mask တပ်တဲ့သူမျိုးကို တောင် ယာဉ်ပေါ်မတင်ဖို့ပြောထားတယ်၊ တချို့ယာဉ်မာင်းတွေ Mask မတပ်ဘဲ မောင်းတာတွေ ရှိနေတယ်၊ ဒီအချိန်မှာ ရောဂါက အရမ်း အရေးကြီးနေတဲ့အတွက် Mask မတပ်တာကို ဆင်ခြေပေး လို့မရဘူး၊ Mask တပ်ပြီးမောင်းဖို့ အကြိမ်ကြိမ် သတိပေးထားပြီးပါပြီ၊ အရင်ကလည်း အရေးယူတာတွေ လုပ်ထားပါတယ်၊ ဒီအချိန်မှာ စည်းကမ်းချိုးဖောက်တာတွေ ထပ်လုပ်မယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ အရေးယူတော့မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
Covid-19 ကာကွယ်ရန်အ တွက် Mask တပ်ဆင်ခြင်းသည် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်၍ မဖြစ်မနေလိုက်နာရန် လိုအပ်သည့်အတွက် ယင်းကဲ့သို့ စည်းကမ်းများ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကြည်ပြာ