MAMDA နှင့် မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ပူးပေါင်းပြီး Road Safety Campaign 2019 ဟောပြောပွဲ ပြုလုပ်

117

ရန်ကုန်၊ အောက်တိုဘာ
မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ် လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်း ချရေး လုပ်ငန်းရှင်များအသင်း (MAMDA)နှင့် မြန်မာနိုင်ငံ ယာဉ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ တို့ ပူးပေါင်းကာ Road Safety Campaign 2019 ဟောပြောပွဲကို စက်တင်ဘာ ၂၈ ရက်က အင်းယား လိတ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center Inya Lake Hotel တွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူး ရောင်းချရေးလုပ် ငန်းရှင်များအသင်း(MAMDA )မှ အသင်းသားများ၊ မြန်မာနိုင်ငံ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အထက(၁)ရန်ကင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြသည်။

”၆ ကြိမ်မြောက် MAMDA အသင်းသားတွေ တွေ့ဆုံပွဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း Road Safety နဲ့ ပတ်သက်တဲ့ ဟောပြောပွဲ လုပ်ချင်ပါတယ်ဆို ပြီး အသင်းသားတွေ အကြံပေးတဲ့ အတွက် ဒီပွဲကို လုပ်ဖြစ်ခဲ့တာပါ၊ မော်တော်ယာဉ် အသင်းအဖွဲ့တွေ အနေနဲ့ နိုင်ငံတကာမှာ လမ်းစည်း ကမ်း၊ ယာဉ်စည်းကမ်းတွေနဲ့ ပတ် သက်ပြီး ဆောင်ရွက်ရတာတွေ ရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ ပထမဆုံး ခြေလှမ်းအဖြစ် MAMDA အသင်းနဲ့ MORS အသင်းတို့ တရားဝင် ပူးပေါင်း လက်မှတ်ရေး ထိုးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း Road Safety နဲ့ ပတ်သက် တာတွေ အတူတကွ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာ နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် ရေးနှင့် တင်သွင်း ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းရှင်များအသင်းမှ အသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြော သည်။

Road Safety Campaign 2019 နှင့်ပတ်သက်ပြီး ‘ယာဉ် လမ်းစည်းကမ်းများကို လိုက်နာ ကြပါစို့’ဆောင်ပုဒ်ဖြင့် (၁) ယာဉ် ပေါ်ပါရှိသူအားလုံး ထိုင်ခုံခါးပတ် ကို အမြဲစနစ်တကျပတ်ထားရန်၊ (၂) ယာဉ်မောင်းစဉ်လက်ကိုင်ဖုန်း အသုံးမပြုရန်၊ (၃)သတ်မှတ်ယာဉ် ကြောမှ မောင်းနှင်ရန်၊ (၄)အရက် သေစာသောက်စားပြီး မောင်းနှင် ခြင်းမပြုရန်၊ (၅)ကားတစ်စီးနှင့် တစ်စီး ပြိုင်မမောင်းရန်၊ (၆)အ ချက်ပြမီး မှန်ကန်စွာပြရန်၊ (၇)ဆိုင် ကယ်စီးပါက နောက်ကြည့်မှန် တပ် ဆင်၍ ဦးထုပ်ဆောင်းရန်၊ (၈) အရှိန် ကန့်သတ်ချက်များအား လိုက် နာရန် ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရဲထွန်းေကျာ်၊

LEAVE A REPLY

Please enter your comment!
Please enter your name here