Mobil 1 အင်ဂျင်ဝိုင်သုံးစွဲသည့် ယာဉ်ပိုင်ရှင်များကို တတိယအကြိမ် ကံစမ်းမဲဖောက်ပေး

821

Mobil 1 အင်ဂျင်ဝိုင် သုံးစွဲသည့် ယာဉ်ပိုင်ရှင်များကို တတိယအကြိမ် ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရ သည်။

Mobil 1 အင်ဂျင်ဝိုင်ကို ဝယ် ယူသုံးစွဲနေသည့် ယာဉ်ပိုင်ရှင်များ အတွက် ပြီးခဲ့သည့် မတ်လမှစ၍ ကံစမ်းမဲများ ဖောက်ပေးခဲ့ရာ တတိယ အကြိမ်မြောက်အထိရှိပြီ ဖြစ်သည်။ Mobil 1 အင်ဂျင်ဝိုင်မှ မေလအတွင်း ဝယ်ယူသုံးစွဲခဲ့သည့် အမြို့မြို့ အနယ်နယ်ရှိ ယာဉ်ပိုင်ရှင်များကို မဲဖောက်ပေးခဲ့ရာ Customer များ ထဲမှ ငါးဦးကို မဲနှိုက်ရွေးချယ်ပြီး ဆုမဲများ ချီးမြှင့်ခဲ့သည်။

” Mobil 1 အင်ဂျင်ဝိုင် သုံး စွဲတဲ့ ယာဉ်ပိုင်ရှင်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မတ်လကစပြီး လစဉ်မဲဖောက်ပေးတာ ဖြစ်ပါတယ်၊ တတိယအကြိမ်မြောက်ပွဲမှာ iPhone 7 ၊ iPhone SE ၊ Samsung Tablet J ၊ Samsung J2 Prime ၊ Samsung J1 ဆုတွေကို ထိုက် ထိုက်တန်တန် မဲဖောက်ပေးခဲ့ပါတယ်၊ ဆုမဲပေါက်သူတွေကို Facebook စာမျက်နှာကနေ အကြောင်း ကြားပေးမှာဖြစ်ပါတယ်”ဟု Mobil 1 အင်ဂျင်မှ Operations Manager မမေခင်ခင်က ပြောသည်။

Mobil 1 အင်ဂျင်ဝိုင်၏ ဆုမဲ ဖောက်ပေးမည့် ကံစမ်းမဲကာလမှာ ယခုလနောက်ဆုံးဖြစ်ပြီး Winner Prize အဖြစ် Formula 1 Race& SIngapore Trip ဆုကို ထည့် သွင်း မဲဖောက်ပေးသွားမည် ဖြစ်သည်။
လင်းရံ

LEAVE A REPLY

Please enter your comment!
Please enter your name here