Lowrider ကားအကြောင်း တစေ့တစောင်း

1087

Lowrider ဆိုတာ တကယ်တော့ စိတ်ကြိုက်ဖန်တီးထားတဲ့ ကား တစ်စီးရဲ့အတန်းအစား၊ ဒါမှမဟုတ် စတိုင်လ်တစ်မျိုးအတွက် နာမည်ပေးထားတာပါ။ ကိုယ်ထည်ဝပ်တဲ့ ပုံမှန်ခပ်နိမ့်နိမ့်ကားတွေနဲ့ ဘာကွာလဲဆိုတော့ Lowrider တစ်စီးချင်းစီမှာ အနုစိတ် ရောင်စုံ ဒီဇိုင်းတွေနဲ့ မတူကွဲပြားတဲ့ ဆေးခြယ်မှုတွေ၊ အဖြူရောင်တာယာတွေ နဲ့ Wire Spoke ဘီးခွေတွေအစရှိသဖြင့် ယေဘုယျအချက်အလက် တွေ ရှိပါတယ်။ Lowrider တွေရဲ့ ဘီးခွေအတိုင်းအတာက ၁၃ လက်မကနေ လက်မ နှစ်ဆယ်ကြား ရှိပါတယ်။ ကားပိုင်ရှင်ရဲ့ ကြိုက်နှစ်သက်မှုအပေါ်မူတည်ပြီး ကားတစ်စီးလုံးကို အပေါ် မြှင့် ၊ အောက်နှိမ့်ပြုလုပ်နိုင်ဖို့အတွက် ဟိုက်ဒြောလစ်၊ ဒါမှမဟုတ် လေအိတ်စနစ်တွေကို သုံးထားပါတယ်။ ဒီလိုထူးခြားတဲ့ ဝိသေသ လက္ခဏာတွေကို ကြည့်ခြင်းအားဖြင့် Lowrider ကားတိုင်း ကိုယ်ထည်နိမ့်ကားမဟုတ်ပေမဲ့ ကိုယ်ထည်နိမ့်ကားတိုင်းကိုတော့ Lowrider လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် Lowrider ဆိုတာ ကားရဲ့အတန်းအစားကိုသာ ဆိုလိုတာဖြစ်ပြီး မြေပြင်ကနေ အကွာအဝေးကို ရည်ညွန်းတာ မဟုတ်ပါဘူး။ ကားတစ်စီးရဲ့ ယာဉ်မောင်းကိုလည်း Lowrider လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။

၁၉၄ဝ ပြည့်လွန်နှစ်အလယ်ပိုင်းကာလတွေနဲ့ စစ်ကြီးအပြီး ၁၉၅ဝ ပြည့်လွန်နှစ်တွေတုန်းက ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်ဇင်းဂျလိစ်မြို့မှာ မက္ကဆီကန်-အမေရိကန် လူငယ်တချို့ ကြောင့် Lowrider ရဲ့သမိုင်းကြောင်း စတင်ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။ Lowrider ရဲ့ အဓိကရည်ရွယ်ချက်ကိုက အတတ်နိုင်ဆုံး ဖြည်းဖြည်းညင်သာ မောင်းနှင်ဖို့ဖြစ်ပါတယ်။ Low and Slow ဆိုတဲ့ သူတို့ရဲ့ဆောင်ပုဒ်အတိုင်းပါပဲ။ ဒီလိုနဲ့ ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ကယ်လီဖိုးနီးယားမော်တော်ယာဉ်ဥပဒေပုဒ်မ ၂၄ဝဝ၈ ကို စတင်ပြဌာန်းလိုက်တော့ မည်သည့်ကားမဆို ဘီးခွေ အောက် ခြေထက် ပိုပြီးနှိမ့်ထားတဲ့ အစိတ်အပိုင်းနဲ့ မွမ်းမံပြင်ဆင်မှုကို တရားမဝင်ကြောင်း ဖော်ပြပါရှိလာပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ မက္ကဆီကန်-အမေရိကန် လူမျိုး Ron Aguirre ဆိုတဲ့ ကားပြုပြင် မွမ်းမံသူတစ်ဦးက ဟိုက်ဒြောလစ်ပန့်တွေနဲ့ ဗားခလုတ်တွေကို အသုံးပြုပြီး ကားကိုယ်ထည်အနိမ့်အမြင့်ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အပြောင်းအလဲလုပ်တဲ့နည်းနဲ့ ဥပဒေကို ရှောင်လွှဲနိုင်မယ့်နည်းလမ်းကို ဖန်တီးခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဟိုက်ဒြောလစ်စနစ်အတွက် သင့်တော်တဲ့ X ပုံသဏ္ဌာန်ဖရိမ်နဲ့ Chvrolet Impala ကား ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၆ဝ နဲ့ ၁၉၇၅ ခုနှစ် အကြားမှာတော့ ပိုပြီးခေတ်မီတဲ့ Lowrider စတိုင်လ်ကို ဖန်တီးနိုင်ဖို့အတွက် တီထွင် သူတွေဟာ GM X ဖရိမ်တွေ၊ ဟိုက်ဒြောလစ်တွေနဲ့ လေမှုတ်ဆေး နည်းစနစ်တွေကို အသုံးချ လာကြပါတယ်။

ဒီနေ့ခေတ်မှာ တော့ ယဉ်ကျေးမှုပုံစံ အမျိုးမျိုး၊ ဖန်တီးမှုပုံစံ အမျိုး မျိုး၊ အမြင်အာရုံပုံစံအမျိုးမျိုးတို့နဲ့ Lowrider အမျိုးမျိုး ထွက်ပေါ်နေပါပြီ။ လက်ရှိ မော်တော်ယာဉ် စိတ်ကြိုက်မွမ်းမံမှုနယ်ပယ်မှာရရှိနိုင်သမျှ အရာတွေအားလုံးကို Lowrider ဖန်တီးမှုမှာလည်း ရရှိနိုင်ပြီး Lowrider စတိုင်လ်တွေကလည်း ကမ္ဘာ့ နေရာဒေသ တစ်ခုနဲ့တစ်ခုအပေါ်မူတည်ပြီး အကြီးအကျယ်ကွဲပြားခြားနားပါတယ်။ Lowrider အမျိုးအစား တွေအနေနဲ့ကတော့ Volkswagen Type 1 အပေါ် အခြေခံထားတဲ့ Cal Style VW ၊ ကားကိုယ်ထည်ကို မြှင့်ထားတဲ့ Hi-Riser နဲ့ ကားဘီးဒီဇိုင်းဆန်းသစ်တဲ့ VIPStyle ဆိုပြီး ကွဲပြားခြားနားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here