Land Rover မှ ၂ဝ၁၈ မိုဒယ် Mid-size Luxury SUV အမျိုးအစား Range Rover Velar ကို မိတ်ဆက်ပြသ

1209

Land Rover Myanmar သည် Range Rover ၏ စတုတ္ထမျိုးဆက် ၂ဝ၁၈ မိုဒယ် Mid-size Luxury SUV ကားအမျိုးအစား Range Rover Velar ကို ဒီဇင်ဘာ ၁ရက် က သြလသအနူ ဟိုတယ်တွင် မိတ် ဆက်ပြသခဲ့ကြောင်း သိရသည်။

 

ဗြိတိန်နိုင်ငံအခြေစိုက် Land Rover ကားကုမ္ပဏီသည် Luxury SUV ကားအမျိုးအစား Range Rover ကားများကို ၁၉၇ဝ ပြည့်နှစ် တွင် စတင်ထုတ်လုပ်ခဲ့ပြီး ရာစုနှစ် တစ်ဝက်နီးပါးအကြာ၌ အသစ် အသစ်သော တီထွင်ဖန်တီးမှုများ နှင့် ပေါင်းစပ်ထားသည့် Range Rover Velar ကို စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

Range Rover Velar မှာ Range Rover စီးရီးစ်များတွင် ပထမဆုံးအနေဖြင့် Super-slim Matrix Laser LED ရှေ့မီးခွက် များ အသုံးပြုထားပြီး Full Beam ထိုးထားလျှင် မီတာ ၅၅ဝ အကွာ အဝေးအထိ အလင်းပေးနိုင်သည်။ Door Handle များကို ကိုယ်ထည်နှင့်ကပ်လျက် တစ်သားတည်း ဖန်တီးထားသောကြောင့် လေခွင်းအား ပိုမိုကောင်းမွန်စေသည်။ Velar တွင် 2.0L Igenium ဒီဇယ်အင် ဂျင်နှင့် 3.0L V6 Supercharged ဓာတ်ဆီအင်ဂျင်နှစ်မျိုးရရှိနိုင်ကြောင်း သိရသည်။

 

Land Rover Myanmar မှ ၂ဝ၁၈ မိုဒယ် Range Rover Velar ကို အမေရိကန်ဒေါ်လာ ၂၂၃, ဝဝဝ မှ စတင်ရောင်းချသွားမည် ဖြစ်ပြီး ငါးနှစ် Land Rover Care Service Plan ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

သက်ပိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here