Lamborghini ရဲ့ ပထမဆုံးကား

134

Lamborghini လို့ဆိုလိုက်ရင် စွမ်းဆောင်ရည်မြင့်မားတဲ့ အလန်းစား ပြိုင်ကားတွေထုတ်လုပ်တဲ့ အီတလီကားကုမ္ပဏီဆိုတာ လူတိုင်းသိကြမှာပါ။Lamborghini ပြိုင်ကားတွေဟာ စတင်ထုတ်လုပ်တဲ့ ၁၉၆ဝ ပြည့်နှစ် အစောပိုင်းကနေ မျက်မှောက်ခေတ်အထိ လူကြိုက်များထင်ရှားဆဲဖြစ်သလို တန်ဖိုးအရလည်း တခြားကားတွေထက် ပိုမိုများပြားပါတယ်။ လူငယ် တွေ၊ အထူးသဖြင့် ထင်ရှားကျော်ကြားတဲ့ အားကစားသမားတွေ၊ အနု ပညာရှင်တွေ၊ စီးပွားရေးသမားတွေအတွက် မရှိမဖြစ် စီးတော်ယာဉ်ဆို ရင်လည်း မမှားပါဘူး။
Lamborghini ကုမ္ပဏီကို အီတလီ လူမျိုး စက်မှုလုပ် ငန်းရှင် Ferruccio Lamborghini က ၁၉၆၃ ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး Bologna မြို့မှာ အခြေ စိုက်တဲ့ ဒီကုမ္ပဏီရဲ့ ထူးခြား ချက်က တန်ဖိုးမြင့် ပြိုင်ကားတွေကိုပဲ အစဉ်တစိုက်ထုတ်လုပ်ရောင်းချ လျက်ရှိတာပါပဲ။ စပျစ်သီးစိုက်ပျိုးတဲ့ မိဘနှစ်ပါးကနေ ၁၉၁၆ ခုနှစ်က မွေးဖွားခဲ့တဲ့ Ferruccio Lamborghini ဟာ စွန့်ဦးစီးပွားရေးလုပ်ငန်း ရှင်တစ်ဦးဖြစ်လာခဲ့ပြီး ငွေကြေးကြွယ်ဝလာတာကြောင့် ၁၉၅ဝ ပြည့်လွန် နှစ်တွေအတွင်း တန်ဖိုးမြင့်ကားတွေ ထည်လဲစီးခဲ့သူပါ။ ၁၉၅၈ ခုနှစ်မှာ တော့ သူဟာ မာရာနယ်လိုဆိုတဲ့မြို့ကို သွားရောက်စဉ် အီတလီကုမ္ပဏီ Ferrari က ထုတ်လုပ်တဲ့ 250 GT ပြိုင်ကားနဲ့ သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း Ferrari 250 GT ကားက ကောင်းမွန်ပေမဲ့ ကားစက်သံက ဆူညံလွန်းတယ်လို့ Ferruccio က ခံစားမိပြီး စက်သံ ငြိမ့်ညောင်းတဲ့ ပြိုင်ကားတစ်စီး ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ Ferruccio ဟာ သူ့ရဲ့နာမည် Lamborghini အမည်နဲ့ ကားကုမ္ပဏီတစ်ခုကို တရားဝင်တည်ထောင်ပြီး ၁၉၆၄ ခုနှစ်မှာတော့ ပထမဆုံးကားဖြစ်တဲ့ Lamborghini 350 GT ကို ထုတ်လုပ်ခဲ့ပါတယ်။ မြင်းကောင်ရေ ၂၈ဝ အား V12 အင်ဂျင်တပ်ဆင်ထားတဲ့ 350 GT ပြိုင် ကားက လူနှစ်ယောက်စီးနိုင်ပြီး ၆ ဒသမ ၈ စက္ကန့်အတွင်း သုညမိုင်ကနေ ၆၂ မိုင်အထိ အရှိန်တင်နိုင်ပါတယ်။ အမြင့်ဆုံးအနေနဲ့ တစ်နာရီ ၁၅၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်တာကြောင့် လူစိတ်ဝင်စားမှုများပြားတဲ့ ကား တစ်စီးဖြစ်လာခဲ့ပါတယ်။
Lamborghini ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ကျွဲရိုင်းပုံဟာ တည်ထောင်သူ Ferruccio ရဲ့မွေးဖွားရာ Zodiac ဖြစ်ပြီး 350GT ဟာ အီတလီပြိုင်ဘက် Ferrari ထုတ်ကားတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့ပါတယ်။ Lamborghini 350 GT ကို ၁၉၆၄ ခုနှစ်၊ မေလကနေ ၁၉၆၆ ခုနှစ်အတွင်း အစီးရေ ၁၂ဝ အထိ ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ 400 GT ကိုတော့ ၁၉၆၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာပါ။ Lamborghini က ပထမဆုံးထုတ်လုပ်တဲ့ 350 GT ပြိုင်ကားရဲ့ တန်ကြေးက ၁၉၆၄ ခုနှစ် စျေးနှုန်းက အမေရိကန်ဒေါ်လာ ၅,၄၈ဝ သာ ရှိ ပေမဲ့လည်း လက်ရှိအချိန်မှာတော့ သမိုင်း ဝင်ရှားပါးကားတစ်စီး ဖြစ်နေတာ ကြောင့် ဒေါ်လာ သန်းနဲ့ချီ တန်ဖိုး ရှိေနပါြပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here