Korea Expo 2017 တွင် KIA Brand New ကားများကိုအတိုးနှုန်း ဝ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ငါးနှစ်အရစ်ကျ ရောင်းချပေးမည်

610

 

Korea Expo 2017  တွင် KIA Brand New ကားများကို တစ်လ အတိုးနှုန်း ဝ ဒသမ၄ ရာခိုင်နှုန်းဖြင့် ငါးနှစ်အရစ်ကျ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Korea Expo 2017  ပြပွဲကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပပြု လုပ်မည်ဖြစ်ပြီး KIA Showroom မှ Brand New ကားအသစ်များ ဖြစ်သည့် Sorento ၊ Rio ၊ Carens နှင့် Picanto တို့ကို တစ်လ အတိုး နှုန်း ဝ ဒသမ၄ ရာခိုင်နှုန်းဖြင့် ငါး နှစ်အရစ်ကျ ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။

” Korea Expo 2017  မှာ Sorento ၊ Rio ၊ Carens ၊ Picanto တို့ကို တစ်လအတိုးနှုန်း ဝ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ငါးနှစ်အရစ်ကျ ရောင်းချပေးမှာဖြစ်ပါတယ်၊ နောက် ပြီး ကားတစ်စီးချင်းစီအလိုက် Discount တွေချပြီး ရောင်းချပေး မှာ ဖြစ်ပါတယ်”ဟု KIA Showroom မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

KIA မှ အတိုးနှုန်း ဝ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ရောင်းချသော ကားများကို ဝယ်ယူသူအမည် ပေါက် ရန်ကုန်လိုင်စင်ဖြင့် ရောင်း ချပေးမည်ဖြစ်ပြီး ကားတန်ဖိုး ၂၀ ရာခိုင်နှုန်းပေးသွင်းရုံဖြင့် ငါးနှစ် အရစ်ကျစနစ် ဝယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

ကြည်ပြာ၊ ပွင့်ဖြူ

LEAVE A REPLY

Please enter your comment!
Please enter your name here