Kobe စတီးကုမ္ပဏီလိမ်လည်မှုပြဿနာ ပိုမိုကြီးထွားလာ

534

နိုင်ငံတကာ၌ ထုတ်လုပ်ရောင်းချ လျက်ရှိသည့် စတီးဝါယာများနှင့် ပတ်သက်၍ မသင့်လျော်သော ဖုံး ကွယ်မှုများရှိခဲ့သည်ဟု ဝန်ခံလိုက် ပြီးနောက် ဂျပန်စတီးကုမ္ပဏီ Kobe ၏ အရည်အသွေးအချက်အလက် လိမ်လည်မှုပြဿနာ ပိုမိုကြီးထွား လာခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် နိုင်ငံတကာသတင်းမီဒီ ယာများက ရေးသားဖော်ပြခဲ့သည်။

Kobe သည် ကားတာယာ များ ပိုမိုကြံ့ခိုင်စေရန်နှင့် ကားအင်ဂျင်များတွင် ထည့်သွင်း အသုံးပြု သော စတီးဝါယာများ၏ အရည် အသွေးဆိုင်ရာ အချက်အလက်များ ကို လိမ်လည်ခဲ့ခြင်းဖြစ်သည်။ လုပ် ငန်းမှားယွင်းမှုကို ဝန်ခံလိုက်ပြီးနောက် ဂျပန်နိုင်ငံ၏ တတိယအကြီးဆုံး စတီး လုပ်ငန်း Kobe အပေါ် ဖိအားများ မြင့်တက်လာခဲ့သည်။ ထုတ်ကုန် များနှင့်ပတ်သက်ပြီး ပြန်လည်ခေါ် ယူသည့် သတင်းမျိုး မကြားရသော် လည်း ယခုအချိန်အထိ ထုတ်ဖော် ဝန်ခံထားသည့်ပစ္စည်းများတွင် မော် တော်ကားများ၊ ကွန်ပျူတာဟာ့ဒစ် များ၊ ကျည်ဆန်ရထားများတွင် ထည့်သွင်း အသုံးပြုထားသည့် အလူမီနီယမ်၊ ကြေးနီနှင့် သံရိုင်းထုတ်ကုန်များပါဝင်ကြောင်း သိရ သည်။Toyota ၊ GM နှင့် အာကာသ ဒုံးပျံ ပြုလုပ်သည့် Mitsubishi Heavy Industries Ltd  အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လုပ် ငန်းပေါင်း နှစ်ရာခန့်သို့ ပေးသွင်း နေသော သတ္တုပစ္စည်းများ၏ ကြံ့ ခိုင်မှုနှင့် ကြာရှည်ခံမှုတို့နှင့် စပ် လျဉ်းသည့် အချက်အလက်များတွင် မသေချာမှုများ ရှိကြောင်း Kobe က ထုတ်ဖော်ဝန်ခံထားခြင်း ဖြစ် သည်။

Ford Motors ကုမ္ပဏီက တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် Mondeo ကားစက်ဖုံးများတွင် Kobe ထုတ်ကုန် အလူမီနီယမ်များ ကို အသုံးပြုထားသော်လည်း ယင်း ထုတ်ကုန်များမှာ စွပ်စွဲခံထားရ သည့် ထုတ်ကုန်များ ဟုတ်မဟုတ် အတည်ပြု ပြောကြားခြင်း မရှိပေ။ Daimler နှင့် PSA တို့ကလည်း Nikkei သတင်းဌာနက ရေးသားခဲ့ သကဲ့သို့ ၎င်းတို့အနေဖြင့် အချက် အလက် လိမ်လည်ထားသည့် Kobe  ထုတ်ကုန်များကို လက်ခံ ရရှိခဲ့သည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး Kobe ထံမှ ပစ္စည်း များ ဝယ်ယူခြင်းမရှိကြောင်း ပြောဆို ခဲ့သည်။ ယင်းအဖြစ်အပျက်ကြောင့် Kobe ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၉ ဘီလျံဆုံးရှုံး သွားပြီး လုပ်ငန်း ပြိုကွဲသွားနိုင် ကြောင်း သုံးသပ်လျက်ရှိသည်။

Kobe ထုတ်ကုန်များ ဝယ်ယူ ထားသည့် ကုမ္ပဏီပေါင်း တစ်ရာခန့် ကိုလည်း စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။    Ref: Bloomberg, Auto News

 

LEAVE A REPLY

Please enter your comment!
Please enter your name here