Kixx ဆိုင်ကယ်အင်ဂျင်ဝိုင်မှ သုံးလအတွင်း ဝယ်ယူသော Customer များကို ဆိုင်ကယ်ကိုးစီးအပါအဝင်  ကံစမ်းမဲများဖောက်ပေးမည်

640

ကိုရီးယားနိုင်ငံတွင် အဆင့်တစ် ရောင်းအားအကောင်းဆုံး စက်ချောဆီအဖြစ် သတ်မှတ်ခံထားရသော Kixx အင်ဂျင်ဝိုင်ကို ယခုလမှ နိုဝင်ဘာလအထိ သုံးလတာအတွင်းဝယ်ယူသူများအား ဆိုင်ကယ်ကိုးစီးအပါအဝင် တန်ဖိုးကြီးဆုမဲများ မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း Eternal ကုမ္ပဏီမှ သိရသည်။

 

”အရင်တုန်းကတော့ Kixx က ဆိုင်ကယ် အင်ဂျင်ဝိုင်က ပလတ်စတစ်ဘူးနဲ့ပဲ ထုတ်ခဲ့တယ်၊  နောက်ပိုင်းသံဘူးနဲ့ Ultra 4T JASO MA2 အင်ဂျင်ဝိုင် ပြောင်းလဲထုတ်လုပ်လိုက်တဲ့ အထိမ်းအမှတ်နဲ့ ဆိုင်ကယ်အင်ဂျင်ဝိုင် တစ်ဘူးဝယ်ယူသူတိုင်းအတွက် ကံစမ်းမဲလက်မှတ်တွေ ပေးနေပါတယ်၊ သုံးလဆက်တိုက် မဲဖောက်ပေးသွားပါမယ်”ဟု Kixx ဆိုင်ကယ်အင်ဂျင်ဝိုင်များ တင်သွင်းနေသည့်  ‘ Eternal ကုမ္ပဏီ’ အရောင်းမန်နေဂျာ ကိုစန်းမြင့်က ပြောသည်။

 

Kixx ဆိုင်ကယ်အင်ဂျင်ဝိုင် Ultra 4T JASO MA2 တစ်ဘူး ဝယ်ယူပါက မည်သည့်ဆိုင်တွင်မဆို ကံစမ်းမဲကူပွန် တစ်စောင်ဆီ တောင်းယူပြီး အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တို့ရေး၍ ပြန်လည်ပေးအပ်ခဲ့ရမည်ဖြစ်ရာ လာမည့် သုံးလအတွင်း ဆိုင်ကယ်ကိုးစီးအပါအဝင် ရေခဲသေတ္တာကိုးလုံး၊ ၂၁ လက်မ TV ကိုးလုံး၊ Air Cooler ကိုးလုံး၊ Handset ကိုးလုံး စသော တန်ဖိုးကြီးပစ္စည်းများကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ မဲဖောက်ရာတွင်လည်း လမကုန်မီ ၂၅ ရက် ရောက်တိုင်း အရောင်းကိုယ်စားလှယ်ဆိုင်များရှိ ကံစမ်းမဲကူပွန် လက်မှတ်များကို လိုက်လံသိမ်းဆည်းကာ လကုန်ရက်ရောက်တိုင်း မီဒီယာများကို ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း Eternal ကုမ္ပဏီမှ ထပ်မံ သိရသည်။

 

”၂၅ ရက်နောက်ပိုင်းမှ ရောက်လာတဲ့ ကူပွန်လက်မှတ်တွေ ကိုတော့ နောက်လစာရင်းမှာပဲ အကျုံးဝင်သွားပါမယ်၊ ကူပွန်လက်မှတ်တွေကို အင်ဂျင်ဝိုင်ဘူး ဝယ်တဲ့ဆိုင်မှာပဲ ပြန်ပေးခဲ့နိုင်သလို စာတိုက်သေတ္တာအမှတ် ၂၃ နဲ့ ၂၇ မှာလည်း ပေးပို့ထားနိုင်ပါတယ်၊ အဓိက ကတော့ သံဘူးပုံစံ ပြောင်းလဲထားတာနဲ့အမျှ အရည်အသွေးပါ ဘယ်လိုကောင်းမွန်တယ်ဆိုတာ Customer တွေ သိစေချင်တယ်”ဟု Eternal ကုမ္ပဏီမှ အရောင်းတာဝန်ခံတစ်ဦးဖြစ်သူ ကိုသက်ထွန်းအောင်က ဆိုသည်။

 

သံဘူးဖြင့် အသစ်ထုတ်လုပ် လိုက်သော Ultra 4T JASO MA2 ဆိုင်ကယ်အင်ဂျင်ဝိုင်ကို Auto ဆိုင်ကယ်များမှလွဲ၍ Manual ဂီယာဆိုင်ကယ်များနှင့် အင်ဂျင်ပါဝါအမြင့် ဘီးကြီးဆိုင်ကယ်တိုင်းတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ကမ္ဘာတွင် ဆိုင်ကယ်အများဆုံး ထုတ်လုပ်သော Japanese Automotive Standard Organization (JASO) မှ ဆိုင်ကယ်တွင်သုံးရန် အသင့်တော်ဆုံးနှင့် အကောင်းမွန်ဆုံး L Grade ဆီ အမျိုးအစားအဖြစ် အသိအမှတ်ပြုခံထားရကြောင်းလည်း အဆိုပါကုမ္ပဏီမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here