KIA Myanmar မှ The All New KIA Sportage GT ကို မေလကုန်အထိ  အထူး Promotion ဖြင့်  ရောင်းချပေးမည်

991

ရန်ကုန်၊ မေ

KIA Myanmar မှ The All New KIA Sportage GT ကို မေလကုန်အထိ အထူး Promotion ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

KIA Sportage GT သည် Luxury ဆန်သော ခေတ်မီ Option များစွာပါဝင်ကာ ကားအတွင်းခန်းကိုလည်း သပ်ရပ်လှပပြီး ရှေ့မြင်ကွင်းအား ပိုမိုကောင်းမွန်အောင်ဖွဲ့စည်းထားသည်။ ထို့ပြင် Button Starter ဖြစ်သောကြောင့် စက်နှိုးရာတွင် သာမန် KEY များကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်ရွှေ့ စရာမလိုဘဲ အလွယ်တကူ ထိတွေ့ ရုံဖြင့် မောင်းနှင်နိုင်ပြီး အင်ဂျင်စက် ရပ်ရာတွင်လည်း အလွယ်တကူ ထိရုံဖြင့် ရပ်နိုင်သည်။ နောက်ဆုံး ပေါ် ခေတ်မီနည်းပညာတစ်ခုဖြစ် သော Wireless Charger System ပါဝင်သောကြောင့် ခရီးသွားရာတွင် ဖုန်းအားသွင်းကြိုး မေ့ကျန်ခဲ့ခြင်းအတွက် စိတ်ပူစရာမလိုဘဲ Wireless Station တွင် ဖုန်းကိုတင်ထားရုံဖြင့်  ဖုန်းဘက်ထရီ အားသွင်းနိုင်သည့်အပြင် Electrical Shock ဖြစ်ခြင်း အန္တရာယ်မှလည်း ကင်းဝေးစေမည် ဖြစ်သည်။ Heated Steering Wheel ဖြစ် သည့်အတွက် ကားမောင်းနှင်ရာတွင် လက်ချွေးစေးထွက်ခြင်းကြောင့် Steering မချော်ဘဲ သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း၊ Manual Gear အဖြစ် ပြောင်းလဲမောင်းနှင်သောအခါ Steering မှ လက်ရွှေ့အသုံးပြုရန် မလိုဘဲ Gear ကို Manual သို့ ပြောင်းပြီးပါက Paddle Shifter Gear ကို အတိုးအလျှော့ပြုလုပ်ခြင်းဖြင့် မောင်းနှင်နိုင်ခြင်း၊ JBL Sound System အသုံးပြုနိုင်ခြင်း စသည့်စနစ်များပါဝင်သည်။

ကားကိုယ်ထည်ကို Advance High Strength And Hot-Stamped Steel များဖြင့် ထုတ်လုပ်ထားသောကြောင့် အခြားကားများထက် လုံခြုံမှုပိုပေးနိုင်ခြင်း၊ Electric Stability Control System ပါဝင်ခြင်း၊ Hill Assist Control System ပါဝင်ခြင်းကြောင့် ကုန်းအမြင့်တွင်ရပ်ထားပြီး ပြန်လည်ထွက်ခွာရာတွင် နောက်သို့ ဘီးပြန်မလိမ့်စေရန် ထိန်းချုပ်ပေးခြင်း၊ ကားစလစ်ဖြစ်မှုများ၊ လမ်းကြမ်းများ၊ စိုစွတ်သောနေရာ များသို့ မောင်းနှင်ရာတွင် ကားဘီး ချော်မထွက်စေရန် ကားကိုယ်ထည် တည်ငြိမ်အောင် ထိန်းထားသည့် Vehicle Stability Management စနစ်၊ Panoramic Sunroof ပါဝင်သောကြောင့် ရိုးရိုးပုံမှန် Sunroof များကဲ့သို့ ရှေ့ခုံတန်း နှစ်ခုသာ ရရှိမည်မဟုတ်ဘဲ ကားတစ်စီးလုံးပါ Panoramic Sunroof ရသကို ခံစားရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

The All New KIA Sportage ကို အမေရိကန်ဒေါ်လာ ငါးသောင်းခွဲ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး ခုနစ် နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ် သိန်းခွဲ Warranty ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here