KIA Myanmar မှ The All New KIA Soluto ကားသစ်ကို Early Bird Special ပရိုမိုးရှင်းအစီအစဥ်ဖြင့် ရောင်းချမည်

2056

 

ရန်ကုန်၊ ​နိုဝင်ဘာ ၅

KIA Myanmar မှ The All New KIA Soluto ကားသစ်ကို Early Bird Special ပရိုမိုးရှင်းအစီအစဥ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Early Bird Special Promotion အစီအစဥ်တွင် The All New KIA Soluto ကားကို ပထမဦးဆုံးဝယ်ယူသည့် Customer ၇၇ ဦးအား အထူးအစီအစဥ်များဖြင့် ရောင်းချမည်ဖြစ်သည်။ All New KIA Soluto ကားသစ်သည် 1.4 Liter MP ၊ ဓာတ်ဆီအင်ဂျင်နှင့် 4 Speed Auto Gear ကိုအသုံးပြုထားသည့် ငါးယောက်စီး Compact Sedan ကားအမျိုးအစားဖြစ်သည်။

“မကြာသေးခင်က မိတ်ဆက်ပြသထားတဲ့ The All-New KIA Soluto ကို ဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင်နဲ့ရရှိမှာဖြစ်ပါတယ်၊ ဒါ့ပြင် အမေရိကန်ဒေါ်လာ ၇၇ ဒေါ်လာ စရန်ပေးရုံနဲ့ ဝယ်ယူနိုင်မှာဖြစ်သလို သုံးနှစ် Free Maintenance ရရှိမှာဖြစ်ပါတယ်၊ အရစ်ကျစနစ်နဲ့ ဝယ်ယူမယ်ဆိုရင်လည်း ၁၀ ရာခိုင်နှုန်း Down Payment ပေးသွင်းပြီး ခုနစ်နှစ်အထိ အရစ်ကျဝယ်ယူနိုင်မှာဖြစ်ပါတယ်” ဟု KIA Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA Myanmar မှ All New KIA Soluto ကို ဝယ်ယူမည်ဆိုပါက အရောင်ခုနစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉,၉၀၀ ​ဒေါ်လာဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုကားအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here