KIA Myanmar မှ Optima-GT ကားသစ်ကို ဒီဇင်ဘာလဆန်းမှစ၍ စတင်ရောင်းချပေးနေ

1366

KIA Myanmar Showroom မှ ၂ဝ၁၈ မိုဒယ် Sport Luxury Optima-GT ကားသစ်ကို ဒီဇင်ဘာလဆန်းမှစ၍ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

 

KIA Optima-GT ကားသစ် သည် 2.4 Litre(DOHC) အင်ဂျင် ဖြစ်သည့်အတွက် မူလ Optima ကားထက် အင်ဂျင်ရုန်းအား၊ဆွဲအား ပိုမိုကောင်းမွန်ခြင်း၊ Bi-Xenon Headlamp ဖြစ်သောကြောင့် ပုံမှန်ထက် အလင်းအားပိုမိုကောင်းမွန်ခြင်း၊ Shine-Bright Design နှင့် LED Rear Lamp ပါဝင်ခြင်း၊ Alloy Size ၁၈ လက်မ (GT Only) များပါဝင်မည်ဖြစ်ပြီး ဆီစားနှုန်းသက်သာသောကြောင့် ဆီတစ်ဂါလန်လျှင် မြို့တွင်း မိုင်နှစ်ဆယ်မှ မြို့ပြင် မိုင်သုံးဆယ်အထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

KIA Optima-GT ကားသစ် တွင် Paddle Shifters ၊ Cruise Control နှင့် Bluetooth Hands-free System များပါဝင်သည့် D-shape Steering Design ပုံစံဖြစ်ပြီး Driver Seat နှင့် Front Passenger Seat တို့သည် လေပူလေအေး ထုတ်ပေးနိုင်သော Ventilation Seat ဖြစ်သောကြောင့် ရာသီဥတုအလိုက် သက်သောင့်သက်သာ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Sport ဆန်ဆန် Design နှင့် Chrome Muffler Dual Exhaust ပါဝင်သောကြောင့် လူငယ်များ အကြိုက်တွေ့စေမည်ဖြစ်သည်။ Optima-GT ကားသစ်ကို အမေရိကန်ဒေါ်လာ ၅၂,ဝဝဝ ဝန်း ကျင်ဖြင့် KIA Myanmar Showroom တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here