KIA Myanmar မှ KIA Glory Motor Showroom အသစ်ကို ဒဂုံမြို့သစ်( မြောက်ပိုင်း)မြို့နယ်တွင် စတင်ဖွင့်လှစ်

118

 

ရန်ကုန်၊ ဒီဇင်ဘာ ၇

KIA Myanmar မှ KIA Glory Motor Showroom အသစ်ကို No. 1A-1B ၊ ပင်လုံလမ်းနှင့် သင်းဝင်းလမ်းထောင့် MMTM ဓာတ်ဆီဆိုင်အနီး ဒဂုံမြို့သစ်( မြောက်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာ ၇ ရက်(ယနေ့)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

KIA Glory Motor Showroom အသစ်တွင် ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ရောင်းချနေသည့် KIA Sorento ၊ Sportage ၊ Soluto ၊ Cerato ၊ Rio နှင့် Picanto တို့ကို ရောင်းချမည်ဖြစ်သည်။

“Showroom သစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ KIA ကားတွေကို လာရောက်ဝယ်ယူမယ့် ပထမဦးဆုံး Customer အယောက် သုံးဆယ်ကို အထူးပရိုမိုးရှင်းအစီအစဉ်တွေအပြင် 1 Year Free Insurance ၊ 1 Year Free Maintenance ၊ တစ်သိန်းကျပ်တန် Fuel Coupon ၊ Floor Mat ၊ Black Box တို့ဖြစ်ပါတယ်” ဟု KIA Glory Motor မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA Glory Motor မှ KIA ကားများကို ဝယ်ယူမည်ဆိုပါက KIA Picanto ကို အမေရိကန်ဒေါ်လာ ၁၈,၉၀၀၊ KIA Rio ကို အမေရိကန်ဒေါ်လာ၂၃,၉၉၀ ၊ KIA Soluto ကို အမေရိကန်ဒေါ်လာ ၁၉,၉၀၀ ၊ KIA Sportage GT ကို အမေရိကန်ဒေါ်လာ ၄၇,၀၀၀၊ KIA Cerato ကို ဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၃၁,၀၀၀၊ KIA Sorento GT ကို ဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၆၂,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Rio ၊ Picanto ၊ Soluto နှင့် Cerato ကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကာ Sorento ၊Sportage GT ကားများအတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ အာမခံပေးထားကြောင်းသိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here