KIA Myanmar မှ KIA 9999 Showroom အသစ်ကို သင်္ဃန်းကျွန်းမြို့နယ်တွင် စတင်ဖွင့်လှစ်

70

 

ရန်ကုန်၊ နိုဝင်ဘာ ၁၁

KIA Myanmar မှ KIA 9999 Showroom အသစ်ကို အမှတ် (၁)၊ သံသုမာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့Max ဓာတ်ဆီဆိုင်အနီးတွင် နိုဝင်ဘာ ၁၁ ရက်(ယနေ့)က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ KIA 9999 Showroom အသစ်တွင် ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ရောင်းချနေသည့် KIA Sorento ၊ Sportage ၊ Soluto ၊ Cerato ၊ Rio နှင့် Picanto တို့ကို ရောင်းချမည်ဖြစ်သည်။

“Showroomသစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ KIA ကားတွေ လာရောက်ဝယ်ယူမယ့် ပထမဦးဆုံး Customer အယောက် သုံးဆယ်ကို အထူးပရိုးမိုးရှင်းအစီအစဉ်တွေအပြင် 1 Year Free Insurance ၊ 1 Year Free Maintenance ၊ ကျပ် ငါးသိန်းတန် Car Accessories၊ ကျပ် တစ်သိန်းတန် Fuel Cupon ၊ Floor Mat ၊ Mirror Flim တို့ ရရှိမှာ ဖြစ်ပါတယ်”ဟု KIA 9999 Motor မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

KIA 9999 Motor မှ KIA ကားများ ဝယ်ယူမည်ဆိုပါက KIA Picanto ကို အမေရိကန်ဒေါ်လာ ၁၈,၉၀၀၊ KIA Rio ကို အမေရိကန်ဒေါ်လာ ၂၃,၉၉၀၊ KIA Soluto ကို အမေရိကန်ဒေါ်လာ ၁၉,၉၀၀၊ KIA Sportage GTကိုအမေရိကန်ဒေါ်လာ ၄၇,၀၀၀၊ KIA Cerato ကို အမေရိကန်ဒေါ်လာ ၃၁,၀၀၀၊ KIA Sorento GT ကို အမေရိကန်ဒေါ်လာ ၆၂,၀၀၀ တို့ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Rio ၊ Picanto ၊ Soluto နှင့် Cerato ကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းနှင့် Sorento ၊ Sportage GT ကားများအတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here