KIA Myanmar မှ KIA ကားအမျိုးအစား ခြောက်မျိုးကို 11:11 Online Sale အထူးအစီအစဉ်ဖြင့် ရောင်းချ

100

 

ရန်ကုန်၊ နိုဝင်ဘာ ၁၀

KIA Myanmar မှ KIA ကားအမျိုးအစား ခြောက်မျိုးကို 11:11 Online Sale အထူးအစီအစဉ်ဖြင့် နိုဝင်ဘာ ၉ ရက်မှ ၁၉ ရက်အထိ ရောင်းချနေကြောင်း သိရသည်။ အဆိုပါ 11:11 Online Sale အထူးအစီအစဉ်တွင် KIA Picanto ၊ Rio ၊ Soluto ၊ Sportage GT ၊ Cerato ၊ Sorento GT တို့ပါဝင်မည်ဖြစ်သည်။

“11.11 Online Sale အစီအစဉ်မှာ KIA ကားအမျိုးအစားအလိုက် အတိုးရော၊ လစဉ်သွင်းငွေတွေကိုရော အများဆုံး ငါးလအထိ ပေးသွင်းစရာမလိုဘဲ ဝယ်ယူနိုင်မယ်၊ Down Payment ၂၀ ရာခိုင်နှုန်းပဲ ပေးချေ ဝယ်ယူနိုင်မယ်၊ မကြာသေးခင်ကမှ မိတ်ဆက်ပြသထားတဲ့ The All-New KIA Soluto ကို 3 Years Free Maintenance ရရှိမယ့်အပြင် KIA Rio ကို Limited Edition နဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်၊ ဖောင်ဖြည့်ပြီး KIA Showroom မှာ Test Drive လာရောက်ပြုလုပ်တဲ့ Customer တွေအတွက်လည်း iPhone 12 မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု KIA Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA Myanmar မှ KIA ကားများဖြစ်သည့် KIA Picanto ကို ဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၈,၉၀၀၊ KIA Rio ကို အမေရိကန်ဒေါ်လာ၂၃,၉၉၀ ၊ KIA Soluto ကို အမေရိကန်ဒေါ်လာ ၁၉,၉၀၀၊ KIA Sportage GT ကို အမေရိကန်ဒေါ်လာ ၄၇,၀၀၀၊ KIA Cerato ကိုဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၃၁,၀၀၀၊ KIA Sorento GTကိုဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၆၂,၀၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Rio ၊ Picanto ၊ Soluto နှင့် Cerato ကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းနှင့် Sorento ၊ Sportage GT ကားများအတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ အာမခံပေးထားကြောင်းသိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here