KIA Myanmar မှ KIA ကားအမျိုးအစားအားလုံးကို Year End Celebration အစီအစဉ် ဖြင့်ရောင်းချမည်

127

 

ရန်ကုန်၊ နိုဝင်ဘာ ၂၇

KIA Myanmar မှ KIA ကားအမျိုးအစားအားလုံးကို Year End Celebration အစီအစဉ်ဖြင့် ဒီဇင်ဘာလကုန်အထိ ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

KIA Myanmar မှ Year End Celebration အထူးအစီအစဉ်တွင် KIA Picanto ၊ Rio ၊ Soluto ၊ Sportage GT ၊ Optima GT ၊ Cerato ၊ Sorento GT တို့ ပါဝင်မည်ဖြစ်သည်။

” Year End Celebration အထိမ်းအမှတ်အနေနဲ့ ပရိုမိုးရှင်းကာလအတွင်းမှာ KIA ကားတွေကို ဝယ်ယူမယ်ဆိုရင် အများဆုံး အမေရိကန်ဒေါ်လာခြောက်ထောင်အထိ Cashback ၊ ၁၀ ရာခိုင်နှုန်း Down Payment ၊ ခုနစ်နှစ်အထိ အရစ်ကျဝယ်ယူခွင့်၊ KIA Myanmar Facebook page မှာ. Register ပြုလုပ်ပြီး နီးစပ်ရာ KIA Showroom မှာ Test Drive လာရောက်ပြုလုပ်ရုံနဲ့ I phone 12 ကံထူးရရှိနိုင်မယ့်အခွင့်အရေးတွေ ပါဝင်မှာဖြစ်ပါတယ်”ဟု KIA Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

KIA Myanmar မှ KIA ကားများဖြစ်သည့် KIA Picanto ကို အမေရိကန်ဒေါ်လာ ၁၈,၉၀၀၊ KIA Optima GT ကို အမေရိကန်ဒေါ်လာ ၄၆,၅၀၀၊ KIA Rio ကို အမေရိကန်ဒေါ်လာ၂၃,၉၉၀၊ KIA Soluto ကို အမေရိကန်ဒေါ်လာ ၁၉,၉၀၀၊ KIA Sportage GT ကို အမေရိကန်ဒေါ်လာ ၄၇,၀၀၀၊ KIA Cerato ကို အမေရိကန်ဒေါ်လာ ၃၁,၀၀၀၊ KIA Sorento GT ကို အမေရိကန်ဒေါ်လာ ၆၂,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Rio ၊ Picanto ၊ Soluto နှင့် Cerato ကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားပြီး Sorento ၊ Sportage GT ကားများအတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲအာမခံပေးထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here