KIA Myanmar မှ All New KIA Soluto Sedan ကားသစ်ကို မြန်မာပြည်စျေးကွက်အတွင်း စတင်မိတ်ဆက်

274

 

ရန်ကုန်၊ ​အောက်တိုဘာ ၂၉

KIA Myanmar မှ All New KIA Soluto Sedan ကားသစ်ကို အောက်တိုဘာ ၂၈ ရက်က KIA Myanmar Facebook Page မှတစ်ဆင့် Online Launch အဖြစ် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

All New KIA Soluto ကားသစ်သည် 1.4 Liter MPI ၊ ဓာတ်ဆီအင်ဂျင်နှင့် 4 Speed Auto Gear ကို အသုံးပြုထားသည့် ငါးယောက်စီး Compact Sedan ကားအမျိုးအစားဖြစ်သည်။

ကားအတွင်းခန်းတွင် ကျယ်ဝန်းမှု မြင့်မားသလို Cup Holder များမှာ အရှေ့ဘက်နှင့် အနောက်ဘက် လိုက်ပါသူများ လက်လှမ်းမီသည့်နေရာတွင်ရှိပြီး Two-Level Tray ကို Dashboard ၏အောက်ခြေနားတွင်နေရာချထား​သော​ကြောင့် Phone နှင့် အခြားပစ္စည်းများကိုလည်း အဆင်​ပြေစွာ ထည့်ထားနိုင်မည် ဖြစ်သည်။

“KIA Myanmar ကနေ အသစ်မိတ်ဆက်လိုက်တဲ့ All New KIA Soluto ကားသစ်က သက်သောင့်သက်သာနဲ့ ကျယ်ဝန်းမှုရှိပြီး နောက်ဆုံးပေါ်နည်းပညာတွေ ပါဝင်တဲ့အတွက် လတ်တ​လော ကားသစ်ရှာနေတဲ့ လူငယ်မိသားစုတွေအ​နေနဲ့ ရွေးချယ်ဝယ်ယူသင့်တဲ့ကားတစ်စီးပဲဖြစ်ပါတယ်၊ ဈေးနှုန်းအရဆိုရင်လည်း အထူးသက်သာလို့ အများစုလက်လှမ်းမီပြီး ရွေးချယ်သင့်တဲ့ကားတစ်စီး ဖြစ်ပါတယ်”ဟု KIA Myanmar မှ General Manager Mr.David Tan က ပြောသည်။

လုံခြုံရေးပိုင်းတွင် Airbag နှစ်လုံး၊ Electronic Stability Control (ESC) စနစ် ၊ Vehicle Stability Management (VSM)စနစ် ၊ Rear Parking Sensor များ ပါဝင်သည် ။

KIA Myanmar မှ All New KIA Soluto ကို ဝယ်ယူမည်ဆိုပါက အရောင်ခုနစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉,၉၀၀ ​ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုကားအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here