KIA Myanmar မှ ၂ဝ၁၈ မိုဒယ်သစ် The All New Stinger ကို စျေးကွက်အတွင်းစတင်မိတ်ဆက်

955

ရန်ကုန်၊ မတ်

KIA Myanmar မှ ၂ဝ၁၈ မိုဒယ်သစ် The All New Stinger ကို စျေးကွက်အတွင်းစတင်မိတ်ဆက် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ မိုဒယ် The All New Stinger ကားသစ်သည် Best Sport Sedan ကားအမျိုးအစားဖြစ် ပြီး 2.0 L ဓာတ်ဆီအင်ဂျင်နှင့် 3.3 L ဓာတ်ဆီအင်ဂျင်နှစ်မျိုးထုတ်လုပ်ထားပြီး 4WD System ပါရှိသည်။ ကားအတွင်းခန်းအပြင်အဆင်တွင် အရင်ကားများနှင့်မတူသည့် Round View System ပါရှိခြင်း၊ ထိုင်ခုံအပူအအေးကို ထိန်းညှိပေးနိုင်သည့် စနစ်ပါဝင်ခြင်း၊ ဂီယာပုံစံကိုအရင်ပုံစံမဟုတ် ဘဲ Electronic Type ပုံစံ ပြောင်းလဲတပ်ဆင်ထားပြီး Auto Hold စနစ်ပါရှိခြင်း၊ ကားဘီးအနောက်လိမ့်ခြင်းကို ကာကွယ်ပေးသည့် စနစ်၊ Drive Mode တွင် (Smart ၊Eco ၊Comfort ၊Sport)ပါရှိခြင်း၊ Wireless Charging ပါရှိခြင်း၊ Phone ဖြင့် ချိတ်ဆက်သည့် Bluetooth System မှာလည်း ဖုန်းအမျိုးအစားအပေါ် မူတည်ပြီး စိတ်ကြိုက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ Blindspot Detection စနစ်ပါရှိခြင်း၊ Memory Seat ပါရှိခြင်း၊ Sunroof စနစ်တို့ပါရှိမည် ဖြစ်သည်။

ကားအပြင်ပိုင်းအပြင်အဆင်တွင် လေခွင်းအားကိုကောင်းစွာတုံ့ပြန်နိုင်သည့်ဒီဇိုင်း ပြုလုပ်ထားပြီး အနောက်ဘက်တွင် ဒီဇိုင်းဆန်းသည့် ပျားအုံခွက်မီးသီးကိုအသုံးပြုထားသည်။အားသာချက်အဖြစ် ပုံမှန် Saloonကားများ ထက်ကျယ်ဝန်းသည့် နောက်ခန်း လေထိုးစက်၊ကော်ဘူးစသည့်ကားနှင့်ပတ်သတ်သည့် Accessories များပါဝင်ခြင်း၊ အရှေ့ဘက်တွင် LEDီ  မီးသီး၊ Solar မီး ၈ လုံး ပါဝင်မည်ဖြစ်သည်။

The All New Stinger ကားသစ်သည်လူငယ်များစိတ်ဝင်စားသည့် ပြိုင်ကားပုံစံထုတ်လုပ်ထားပြီး 2.0 L Stinger ကားသစ်ကိုအမေရိကန်ဒေါ်လာ ၇၆,ဝဝဝ ဝန်းကျင် ၊ 3.3. L Stinger ကားသစ်ကို အမေရိကန်ဒေါ်လာ ၉၅,ဝဝဝ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး ၇ နှစ် သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲအာမခံပေးထားကြောင်း KIA Myanmar မှသိရသည်။

ရဲထွန်းကျော်

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here