KIA Myanmar မှ အမေရိကန်ဒေါ်လာ ၅,၀၀၀ အထိ အခွင့်အရေးရရှိနိုင်မည့် KIA Road Show ကျင်းပ

226

 

KIA Myanmar မှ အမေရိကန်ဒေါ်လာ ၅,၀၀၀ အထိ အခွင့်အရေး ရရှိနိုင်မည့် KIA Road Show ကို ဇွန် ၂၆ ရက်(ယနေ့)မှ ၂၈ ရက်အထိ Gandamar Wholesale Shopping Center တွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။

“Road Show ပြုလုပ်တဲ့ သုံးရက်အတွင်းမှာ လာရောက်ဝယ်ယူသူတွေအနေနဲ့ ရရှိနိုင်မယ့် အခွင့်အရေးတွေကတော့ သုံးလတိတိ လစဉ်ကြေး ပေးသွင်းစရာမလိုခြင်း၊ ၁၀ ရာခိုင်နှုန်းသာ Down Payment ပေးချေ ဝယ်ယူနိုင်ခြင်း၊ 7 Years Installment နှင့် ဝယ်ယူနိုင်ခြင်း၊ 7 Years Warranty ပါဝင်ခြင်း၊ ဘဏ်အတိုးနှုန်း အထူးသက်သာခြင်း၊ Yangon License ရရှိနိုင်ခြင်းစတာတွေအပြင် KIA Optima GT ကားဝယ်ယူသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ USD 5,000 အထိ Discount ရရှိနိုင်ခြင်း၊ 1 Year Insurance အခမဲ့ ရရှိနိုင်ခြင်း၊ 9 Times Maintenance အခမဲ့ရရှိနိုင်ခြင်း၊ ကား Accessories အတွက်လည်း USD 500 ဖိုးအထိ နှစ်သက်ရာရယူနိုင်မယ့် အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်” ဟု KIA Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

KIA Road Show တွင် KIA ကားအမျိုးအစားများဖြစ်သည့် KIA Rio ၊ KIA Cerato ၊ KIA Optima တို့ကို အထူးအစီအစဉ်များဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Test Drive အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ထိုကားများအတွက် အာမခံအနေဖြင့် ထိုကားများအတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ အာမခံပေးထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here