KIA Myanmar မှ အမေရိကန်ဒေါ်လာ ငါး​ထောင်အထိ ​​ရရှိနိုင်မည့်အခွင့်အရေးနှင့် KIA Road Show ကျင်းပပြုလုပ်မည်

193

 

ရန်ကုန်၊ ဇွန် ၁၁

KIA Myanmar မှ အမေရိကန်ဒေါ်လာ ငါး​ထောင်အထိ ​​ရရှိနိုင်မည့်အခွင့်အရေးနှင့် KIA Road Show ကို ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ Capital Hypermarket (သာကေတ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Road showတွင် KIA ကားအမျိုးအစားများဖြစ်သည့် KIA Rio ၊ KIA Cerato ၊ KIA Optima တို့ကို အထူးအစီအစဥ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။

“Road Show ပြုလုပ်တဲ့ သုံးရက်အတွင်းမှာ လာရောက်ဝယ်ယူသူ​တွေအနေနဲ့ ရရှိနိုင်မယ့် အခွင့်အရေးတွေကတော့ သုံးလတိတိ လစဉ်ကြေးပေးသွင်းစရာမလိုခြင်း၊
10 % သာ Down Payment ပေးချေ၍ ဝယ်ယူနိုင်ခြင်း၊7 Years Installment နှင့် ဝယ်ယူနိုင်ခြင်း၊ 7 Years Warranty ပါဝင်မှု ဘဏ်အတိုးနှုန်း အထူးသက်သာခြင်း၊ Yangon License ရရှိနိုင်ခြင်း တို့အပြင် USD 5000 အထိ Discount ရရှိမှာဖြစ်ပါတယ်”ဟု KIA Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA Myanmar မှ KIA ကားများ ဝယ်ယူမည်ဆိုပါက KIA RIO ကို အမေရိကန်ဒေါ်လာ ၂၃,၉၉၀ ဖြင့် လည်းကောင်း၊KIA Cerato ကို အမေရိကန်ဒေါ်လာ ၂၉,၆၅၀ဖြင့်လည်းကောင်း၊ KIA Optimaကို အမေရိကန်ဒေါ်လာ ၄၆,၅၀၀ဖြင့်လည်းကောင်း ဝယ်ယူနိုင်ပြီး အာမခံအနေဖြင့်ထိုကားများအတွက် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်းခွဲ အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here