KIA Myanmar မှ ယခုလအတွင်း KIA Rio Red ကို Limited Edition Design ဖြင့် ရောင်းချ

194

 

ရန်ကုန်၊ ​အောက်တိုဘာ ၂၀

KIA Myanmar မှ KIA Rio Red ကို Limited Edition Design ဖြင့် အောက်တိုဘာလကုန်အထိ ရောင်းချ​နေကြောင်း သိရသည်။

KIA Rio ကားသစ်သည် 1.4L 4-Speed Auto ဓာတ်ဆီအင်ဂျင်၊ ငါးယောက်စီးဖြစ်ပြီး Luxury Options များစွာပါဝင်သည့် ဆန်းသစ်​သော ဒီဇိုင်းအသွင်အပြင်နှင့် လှပသည့် ပုံသဏ္ဌာန်တို့ဖြင့် ဖွဲ့စည်းထားသည်။

“​အောက်တိုဘာလထဲမှာ ဝယ်ယူမယ်ဆိုရင်တော့ အထူး​စျေးနှုန်းအခွင့်အ​ရေး၊ Limited Edition Design နဲ့ ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး၊ ကျပ် ၁၀ သိန်းဖိုး Promotion Gift တွေနဲ့ 2 Days Delivery နဲ့အမြန်ဆုံး ကားပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး​တွေ ရရှိမှာဖြစ်ပါတယ်” ဟု KIA Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA Myanmar မှ KIA Rio Red ကို ဝယ်ယူမည်ဆိုပါက KIA Myanmar ​၏ Online Link တွင် Registerလုပ်ပြီး အမေရိကန်ဒေါ်လာ ၂၃,၉၉၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်​ကြောင်း သိရသည်။

ထိုကားအတွက် အာမခံအနေဖြင့် လည်း ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

ရဲထွန်း​ကျော်
ဓါတ်ပုံ-KIA Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here