KIA Motor Myanmar မှ Super 7 Best Opportunities Promotion အဖြစ် ကားအမျိုးအစား ခြောက်မျိုးကို အထူးလျှော့စျေးဖြင့် ရောင်းချမည်

1023

ရန်ကုန်၊ ဇူလိုင် ၂၅
KIA Motor Myanmar မှ Super 7 Best Opportunities Promotion အဖြစ် ကားအမျိုးအစား ခြောက် မျိုးကို အထူးလျှော့စျေးဖြင့် ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။
Super 7 Best Opportunities Promotion တွင် KIA Pican- to ၊ KIA Rio ၊ KIA Carens ၊ KIA Optima GT ၊ KIA Sportage GT ၊ KIA Sorento GT တို့ကို ကားအမျိုးအစားအပေါ် မူတည်ပြီး အမေရိကန်ဒေါ်လာ ငါးရာမှ သုံးထောင်အထိ လျှော့ချရောင်းချ ပေးမည် ဖြစ်သည်။
‘‘Super 7 Best Opport-unities Promotion ကာလအတွင်း မှာ သတ်မှတ်ထားတဲ့ ကားတွေကို ဝယ်မယ်ဆိုရင် 7 Days Delivery ၊ 7 Years Warranty ၊ 7 Times Free Service Maintenance ၊ 7 Lakhs Worth of Car Plate N0.As Present ၊ 7% Discount for Car Accessories တို့ကို ရရှိမှာ ဖြစ်ပြီး Optima GT ၊ Sportage GT ၊ Sorento GT နဲ့ Carens တို့ကို ဝယ်ယူမယ်ဆိုရင် အမေရိကန် ဒေါ်လာသုံးထောင် Discount ရရှိ မှာ ဖြစ်ပါတယ်၊ နောက်ပြီး Picanto နဲ့ Rio တို့ကို ဝယ်ယူမယ်ဆိုရင် လည်း အမေရိကန်ဒေါ်လာ ငါးရာ Discount ရရှိမှာ ဖြစ်ပါတယ်’’ဟု KIA Motor Myanmar မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
KIA Motor Myanmar မှ Super 7 Best Opportunities Promotion ကာလအတွင်း Picanto ကို အမေရိကန်ဒေါ်လာ ၁၉,၄ဝဝ၊ Rio ကို အမေရိကန်ဒေါ်လာ နှစ် သောင်းခွဲ၊ Carens ကို အမေရိ ကန်ဒေါ်လာ လေးသောင်း၊ Optima GT ကို အမေရိကန်ဒေါ်လာ ၄၉,ဝဝဝ၊ Sportage GTကို အမေရိကန်ဒေါ်လာ ၅၂,ဝဝဝ နှင့် Sorento GT ကို အမေရိကန် ဒေါ်လာ ၆၂,ဝဝဝ တို့ဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here