KIA Grand Carnival

169

အပြင်ပိုင်း အပြင်အဆင်
ထူးခြားပေါ်လွင်ပြီး လှပခြင်း၊ ခံ့ထည်ခြင်းတို့ အချိုးကျပေါင်းစပ်ထားသည့် Grand Carnival ၏ အပြင်ဘက်ဒီဇိုင်းသည် Family MPV အနေဖြင့် ခရီးစဉ်များအတွက် အမြဲအသင့်ဖြစ်ပြီး ပျော်ရွင်ကြည်နူးစွာဖြင့် ခရီးသွားနိုင်ရန် သင့်တော်သည့်အနေအထား ဖန်တီးထားပါသည်။ ကြီးမားထင်ရှား သည့် အရှေ့ဘက် Grille Design တွင် Daytime Running Light စနစ်ပါဝင်သော HID Positioning Lamp များနှင့် နှင်းခွဲမီးများ ပေါင်းစပ် ထည့်သွင်းထားမည် ဖြစ်သည်။ ထိုမှတစ်ဖန် ရှည်လျားခံ့ထည်သည့် ကားဘေးဘက်ကိုယ်ထည်တွင် ဘေးတံခါးနှစ်ချပ်သည် Power Sliding Doors အမျိုးအစားများဖြစ်ပြီး အတွင်းမှလည်း ခလုတ်ဖြင့် ဖွင့်နိုင်ပါမည်။ ထို့အတူ အထူးဆွဲဆောင်မှုရှိသည့် နောက်ဖုံးဒီဇိုင်းတွင် တောက်ပသည့် နောက်မီး တန်းများ ပါရှိမည်ဖြစ်ပြီး နောက်ဖုံးသည် Smart Tailgate ပုံစံဖြစ်၍ အသုံးပြုရာတွင်လည်း များစွာအဆင်ပြေစေမည် ဖြစ်သည်။ အလားတူ Smart Key Remote စနစ်လည်း ပါရှိမည် ဖြစ်သည်။

 

အတွင်းခန်း အပြင်အဆင်
KIA Grand Carnival ၏ အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်ပြီး ခံ့ထည်သည့်အနေအထားဖြင့် ခင်းကျင်းထားပါသည်။ အထူးသဖြင့် ခရီးသည်များ သက်သောင့်သက်သာစီးနင်းနိုင်မည့် ထိုင်ခုံအနေအထားများ ပါရှိပြီး Dashboard Area ကိုလည်း User Friendly ဖြစ်စေရန် ခေတ်ဆန်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားပါသည်။ ထိုင်ခုံများကို တန်ဖိုးမြင့်သားရေများဖြင့် ချုပ်လုပ်ထားပြီး ရှေ့ထိုင်ခုံနှစ်လုံးသည် Auto Adjust ပြုလုပ်နိုင်ပါမည်။ အလားတူ Integrated Memory System(IMS)၊ ရှေ့ထိုင်ခုံအပူ/အအေး ပေးစနစ်နှင့် ဒုတိယထိုင်ခုံတန်း အပူပေးစနစ်များလည်း ပါရှိပါမည်။ သက်သောင့်သက်သာဖြစ်စေခြင်းနှင့် နည်းပညာများ လွမ်းခြုံမှုတို့ဖြင့် Grand Carnival ကို ဖန်တီးထားသည့်အတွက် အတွင်းခန်းတွင် နည်းပညာသုံး ပါဝင်မှုများစွာ ပါရှိပါသည်။ အဓိကပါဝင်သည့် Feature များမှာ Push Button Start , Audio 3.0 B , Supervision Cluster 7-inch Color TFT LCD , AUX and USB , Dual Sunroof , USB Charger Outlet , Auto Light Control , ECM စနစ် ပါဝင်သည့် နောက်ကြည့်မှန်၊ Conversation Mirror စသည်တို့ စုံလင်စွာပါရှိပါမည်။

အင်ဂျင်နှင့် ဂီယာစနစ်
KIA Grand Carnival တွင် အင်ဂျင်အနေဖြင့် R 2.2 Diesel Engine , CRDI 16 V Engine အမျိုးအစားနှင့် 6-speed Automatic Gearbox တို့ တွဲဖက်တပ်ဆင်ထားပါသည်။

လုံခြုံရေးစနစ်များ
KIA Grand Carnival သည် ထိပ်တန်းလုံခြုံမှုအဆင့်ရှိသည့် Family MPV အမျိုးအစားကားဖြစ်သည်။ ယင်းတွင် အသက်ကယ်လေအိတ် ခြောက်လုံး၊ Rearview Camera ၊ ကားရှေ့နှင့် နောက်တွင် Parking Sensor များ၊ Front and Second Row Safety Power Windows စသည့် လုံခြုံရေးစနစ်များ ပါရှိမည်ဖြစ်ပြီး နည်းပညာသုံး Safety Features များအနေဖြင့် Blind Spot Detection-BSD , Rear Cross Traffic Alert-RCTA , Electric Stability Control , Hill Start Assist Control -HAC စသည်တို့လည်း ပါဝင်ကြပါသည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here