KIA မှ နောက်ထပ်မျိုးဆက်သစ်ဖြစ်လာမည့် Sedan ကားသစ် ရန်ကုန်မြို့တွင် ယမန်​နေ့က စမ်းသပ်မောင်းနှင်​နေ

10489

 

ရန်ကုန်၊ ​အောက်တိုဘာ ၂၁

KIA မှ နောက်ထပ်မျိုးဆက်သစ်ဖြစ်လာမည့် Sedan ကားသစ်တစ်စီးအား ရန်ကုန်မြို့တွင် စမ်းသပ်မောင်းနှင်နေသည်ကို အောက်တိုဘာ ၂၀ ရက်က အဆိုပါ Showroom အနီး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်ပိုင်းတွင် မိတ်ဆက်နိုင်ရန်အတွက် KIA မှ Sedan ကားသစ်တစ်စီးအား Sticker များဖုံးအုပ်၍ စမ်းသပ်မောင်းနှင်နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

“ကားသစ်ရဲ့ ကိုယ်ထည်နဲ့ ပုံသဏ္ဌာန်ကို ကြည့်မယ်ဆိုရင်တော့ အခုနှစ်ပိုင်းမှာ နောက်ဆုံးမိတ်ဆက်ထားတဲ့ KIA Sedan ကားသစ် ဖြစ်နိုင်မယ်လို့ ထင်ပါတယ်၊ KIA ရဲ့ Sedan ကားတွေထဲမှာ နောက်ထပ် ရွေးချယ်စရာတစ်ခုအဖြစ် ထပ်ရှိလာမှာပါ”ဟု အဆိုပါ KIA Sedan ကားသစ်အား စမ်းသပ်မောင်းနှင်နေမှုကို တွေ့ရှိခဲ့သည့် ကားဝါသနာရှင်တစ်ဥှီးက ပြောသည်။

“KIA ကနေ ထုတ်လုပ်တဲ့နောက်ဆုံးပေါ်ဒီဇိုင်းအသွင်အပြင်ဖြစ်တဲ့အတွက် Sedan ကားအမျိုးအစားထဲမှာ ဆိုရင်တော့ KIA Soluto ဖြစ်နိုင်တယ်”ဟု အဆိုပါ ကားဝါသနာရှင်က ထပ်မံသုံးသပ်သည်။

KIA Soluto သည် KIA ၏ ကားမိုဒယ်များထဲတွင် လူကြိုက်များသည့် Line up တစ်ခုဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားကာ ဈေးနှုန်းသက်သည့်အတွက် ကမ္ဘာတစ်ဝန်း အမြောက်အမြား ရောင်းချနိုင်ခဲ့သည့် ကားအမျိုးအစားလည်း ဖြစ်သည်။

လက်ရှိတွင် KIA Soluto မိုဒယ်ကိုမြန်မာနိုင်ငံ၌ မတွေ့ရှိရသေးဘဲ KIA Myanmar မှ ကားဈေးကွက်တွင် ပိုမိုရွေးချယ်လာနိုင်ရန် Compact Sedan ကားတစ်စီးအ​နေဖြင့် ထပ်မံ တင်သွင်းလာဖွယ် ရှိ​ကြောင်း ကားသစ် စမ်းသပ်​မောင်းနှင်​နေမှုကို ကိုယ်တိုင်ကြုံ​တွေ့ခဲ့သည့် ထိုကားဝါသနာရှင်က သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here