Kawasaki  နှင့် Vespa  ဆိုင်ကယ်ချစ်သူများတွေ့ဆုံ၍   မန္တလေးမြို့တွင်း   အလှပြစီးနင်းမှုပြုလုပ်ခဲ့

953

UMG Motors မှ မြန်မာနိုင်ငံ၏ တရားဝင် တစ်ဦးတည်းကိုယ်စားလှယ်ဖြင့် တင်သွင်းလျက်ရှိသော ဂျပန် Kawasaki  ဆိုင်ကယ်နှင့် အီတလီ Vespa ဆိုင်ကယ်တို့၏ အနယ်နယ်အရပ်ရပ်ရှိ Customer များ၊ ဆိုင်ကယ်ချစ်သူများ တွေ့ဆုံပွဲကို ယခုလ ဒုတိယပတ်အတွင်းက မန္တလေးမြို့ သိပ္ပံလမ်းနှင့် ၅၅ လမ်းအနီးရှိ UMG Motors ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

”အဓိကကတော့ UMG Motors ကနေ တင်သွင်းတဲ့ Kawasaki  နဲ့ Vespa ဆိုင်ကယ် Customer တွေ၊ ဆိုင်ကယ်ချစ်သူတွေ နွေးနွေးထွေးထွေးနဲ့ ပြန်လည်ဆုံစည်းပြီး ဆိုင်ကယ်အကြောင်းတွေ ဆွေးနွေးဖြစ်အောင်လို့ တွေ့ဆုံပွဲ လုပ်ဖြစ်သွားတာပါ၊ အခုလို တွေ့ဆုံပွဲ လုပ်ပေးခြင်းအားဖြင့် Brand တူ ဆိုင်ကယ်ချစ်သူ အချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုတိုးစေမှာဖြစ်သလို တစ်ဦးနဲ့တစ်ဦးသိချင်တဲ့ ဗဟုသုတ တွေလည်း Sharing လုပ်နိုင် အောင်လို့ပါ”ဟု UMG Groups of Companies မှ ‘ Vespa ဆိုင် ကယ်အရောင်းပြခန်း’ မန်နေဂျာ ကိုသူရမင်းလွင်က ရှင်းပြသည်။

 

Kawasaki  နှင့် Vespa ဆိုင်ကယ် Customer များ၊ ဆိုင်ကယ်ချစ်သူများတွေ့ဆုံပွဲ အထိမ်းအမှတ် အနေဖြင့် မန္တလေးမြို့ UMG Motors ကုမ္ပဏီရုံးမှ သိပ္ပံလမ်း၊ ၆၂ လမ်း၊ ၂၆ လမ်းမှတစ်ဆင့် နန်းမြို့ရိုး ကျုံးပတ်လည် ၆၆ လမ်း၊ ၁၂ လမ်းနှင့် လမ်း ၈ဝ တို့တွင် ဆိုင်ကယ်အလှပြ စီးခဲ့ကြပြီး ၃၁ လမ်း၊ လမ်း ၈ဝ နှင့် ၈၁ လမ်းကြားရှိ Mr. Bar B.Q စားသောက်ဆိုင်၌ နှီးနှောဖလှယ်ပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

 

”နောက်လည်း တစ်လကျော် တစ်ကြိမ်နှုန်းလောက် Kawasaki  ဆိုင်ကယ်ချစ်သူတွေ၊ Vespa ဆိုင် ကယ်ချစ်သူတွေ တွေ့ဆုံပြီး ဆိုင်ကယ် အလှပြစီးနင်းနိုင်ဖို့ ကြိုးစားနေပါတယ်၊ အဓိကကတော့ ကုမ္ပဏီ နဲ့ Customer တွေကြားမှာ ရင်းနှီးမှု ပိုရှိအောင် တည်ဆောက်တာလည်း ပါတာပေါ့၊ အခုပွဲမှာဆိုရင် Kawasaki  နဲ့ Vespa ဆိုင်ကယ်ချစ်သူပေါင်း ငါးဆယ်ကျော် တက်ရောက်ပြီး မန္တလေးမြို့ထဲ အလှပြစီးနင်းနိုင်ခဲ့ပါတယ်”ဟု UMG Motors ၏ ‘ Kawasaki  ဆိုင်ကယ်အရောင်းပြခန်း’ မန်နေဂျာ ကိုရန်နိုင်အောင်က ဆိုသည်။

 

Kawasaki နှင့် Vespa ဆိုင်ကယ်များကို UMG Motors မှ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် တရားဝင်တင်သွင်း၍ တစ်နိုင်ငံလုံးသို့ Kawasaki  KLX 150 ၊ Versys X 300 ၊ Z 650 စသော Kawasaki ဆိုင်ကယ်မျိုးစုံနှင့် Vespa S ၊ Vespa Primavera ၊ Paiggio Medley စသော Vespa ဆိုင်ကယ်မျိုးစုံတို့ကို Sales  ၊ Service ၊ Spare Parts (3S) ဝန်ဆောင်မှုဖြင့် လက်ငင်း၊ အရစ်ကျစနစ်များနှင့်အတူ ရောင်းချပေးလျက်ရှိသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here