Kamax BOA 125i ဆိုင်ကယ်များကို ကျပ် ၁၉၀,၀၀၀ အထိ ဈေးလျှော့ရောင်းချ

94

 

မန္တလေး၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်တွင်း၌ ပထမဦးဆုံး Assembly စက်ရုံတည်ဆောက်၍ Made in Myanmar ဆိုင်ကယ်များ ထုတ်လုပ်နေသော Kamax Group Myanmar ကုမ္ပဏီက Kamax BOA 125i ဆိုင်ကယ်များကို ကျပ် ၁၉၀,၀၀၀ အထိ ဈေးလျှော့ရောင်းချလျက်ရှိကြောင်း သိရသည်။

“Kamax BOA 125i ဆိုင်ကယ်တွေကို မန္တလေး အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ဘယ်မြို့ဘယ်ဒေသမှာပဲဝယ်ဝယ် ကျပ် ၁၉၀,၀၀၀ ဈေးလျှော့ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ အဓိကကတော့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် Promotion ပေါင်းလုပ်တာပေါ့” ဟု Kamax Group Myanmar ကုမ္ပဏီမှ General Manager ကိုမျိုးသူက ပြောကြားသည်။

၂၀၂၀ မိုဒယ် Kamax BOA 125 ဆိုင်ကယ်များတွင် ရှေ့မီးနှင့် နောက်မီးနှစ်ခုစလုံးကို LED နှစ်ထပ်မီးအသုံးပြုထားသလို အင်ဂျင်ကို 125 CC (Govenor) Type 4 Stroke အင်ဂျင် အသုံးပြုထားခြင်းကြောင့် အင်ဂျင်စွမ်းဆောင်ရည် ကောင်းမွန်ပြီး Highway မောင်းသူများ အကြိုက်တွေ့စေမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်ထိုင်ခုံကိုလည်း လည်သာအကောင်းစားနှင့် တွဲဖက်ထားကာ ရေမြှုပ်အကောင်းစားဖြင့် ပြုလုပ်ပေးထားသည့်အတွက် အချိန်ကြာကြာစီးနင်းမှုကြောင့် ထိုင်ခုံနေရာ ချိုင့်ဝင်သွားခြင်းမျိုးမရှိကြောင်းနှင့် ထိုင်ခုံနှင့်တစ်ဆက်တည်း နောက်ကယ်ရီယာခုံမှာလည်း ခုံတန်းရှည်ဖြစ်၍ Highway ထွက်သည့်အခါ အထုပ်အပိုးများကို သေချာတုပ်နှောင် သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း Kamax Group Myanmar ကုမ္ပဏီမှ ထပ်မံသိရသည်။

“BOA 125i ဆိုင်ကယ်အပါအဝင် ကျွန်တော်တို့ Kamax ဆိုင်ကယ်တွေရဲ့ ပစ္စည်းတွေအားလုံး Recycle ပစ္စည်းတွေ အသုံးပြုထားတာမရှိဘူး၊ First Product ပစ္စည်းတွေနဲ့ပဲ ထုတ်လုပ်ပေးထားသလို နောက်တာယာတွေဆိုလည်း လမ်းပေါ်စီးနင်းရင်း ထိုးဖောက်မှုဒဏ်၊ ပွတ်တိုက်စားမှုဒဏ်ခံနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်၊ ဝါယာကြိုးတွေကအစ အပူဒဏ်ခံနိုင်အောင် တည်ဆောက်ထည့်သွင်းပေးထားတဲ့အပြင် ဆိုင်ကယ်ရဲ့ ဖရိမ်တွေအားလုံး ခေတ်မီ Robot စက်ကြီးတွေနဲ့ နည်းစနစ်တကျ တပ်ဆင်ပြီး အန္တရာယ်အကင်းဆုံးဖြစ်အောင် ထုတ်လုပ်ပေးထားတာပါ” ဟု ယင်းကုမ္ပဏီမှ General Manager ကိုမျိုးသူက ထပ်မံဆိုသည်။

Kamax BOA 125i ဆိုင်ကယ်၏ ကာဗာဆေးသားများကို ဆေးသား လေးထပ်ပြုလုပ်ထားပြီး လိုက်ကာအုပ်စတစ်ကာအထူနှင့် ဖုံးအုပ်ထားသည့်အတွက် အရောင်လွင့်ခြင်း၊ အရောင်မှိန်ခြင်း ကင်းဝေးကာ အမြဲတောက်ပနေမည်ဖြစ်သည်။ ထို့ပြင် နောက်ရှော့ဘားများကိုလည်း Hydraulic Spring Shock များ အသုံးပြုထားသည့်အပြင် ဆိုင်ကယ်တစ်စီးလုံး သံချေးတက်ခြင်းမှကာကွယ်နိုင်ရန် နီကယ်အကောင်းစားများ အသုံးပြုထားကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယခု ဈေးလျှော့ရောင်းချပေးလျက်ရှိသော Kamax BOA 125i ဆိုင်ကယ်များကို ယခင်က ကျပ် ၉၉၀,၀၀၀ ရောင်းချခဲ့ရာမှ ယခုအခါ ကျပ် ရှစ်သိန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ခြင်းကြောင့် ကျပ် ၁၉၀,၀၀၀ သက်သာသွားမည်ဖြစ်ကာ လက်ငင်းစနစ်ရော အရစ်ကျစနစ်ဖြင့်ပါ မြန်မာတစ်နိုင်ငံလုံးတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here