Kamax နှင့် Rent 2 Own တို့ပူးပေါင်း၍ ကျန်းမာရေး၀န်ထမ်းများ ဆိုင်ကယ်၀ယ်ယူပါက Cashback ကျပ်တစ်သိန်းအပြင် ​ခြောက်လ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် အစီအစဉ်ပြုလုပ်

218

 

မန္တ​လေး၊ ဇွန် ၂၆

Covid-19 ရောဂါ တိုက်ဖျက်ရေးကာလအတွင်း သူရဲကောင်းများဟု တင်စားကြသည့် ကျန်းမာရေး၀န်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် Kamax နှင့် Rent 2 Own (Microfinance ) ကုမ္ပဏီတို့ပူးပေါင်း၍ ကျန်းမာရေး၀န်ထမ်းများ Kamax BOA နှင့် Kamax The Cobra ဆိုင်ကယ်များ ၀ယ်ယူလိုပါက ငွေကျပ်တစ်သိန်း ပြန်အမ်းပေးမည့်အပြင် အရစ်ကျ၀ယ်ယူလိုလျှင်လည်း ​ခြောက်လတိတိ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Kamax Group Myanmar ကုမ္ပဏီမှ သိရသည်။

“အခုအစီအစဉ်က ကျန်းမာရေး၀န်ထမ်း​တွေအတွက် သီးသန့်လုပ်ဆောင်တာပါ၊ ကျန်းမာရေး၀န်ထမ်းတွေအနေနဲ့ Kamax ဆိုင်ကယ်တွေထဲက Cobra 125 နဲ့ BOA 125 ဆိုင်ကယ်အမျိုးအစားတွေကို ၀ယ်ယူမယ်ဆိုရင် ငွေကျပ်တစ်သိန်း ပြန်အမ်းပေးသွားမယ်၊ ပြီးတော့ ​ခြောက်လအတိုးမဲ့ အရစ်ကျစနစ်နဲ့ပါ ရောင်းချပေးဦးမှာ၊ အခုအစီအစဉ်က လအကန့်အသတ်ဆိုတာထက် အစီး နှစ်ရာကန့်သတ်ထားတယ်၊ အစီး နှစ်ရာကုန်တာနဲ့ အခုအစီအစဉ် ပြီးဆုံးမှာပေါ့၊ လောလောဆယ်တော့ စတာ ရက်ပိုင်းပဲရှိသေးတယ်” ဟု ယင်းကုမ္ပဏီမှ General Manager ကိုမျိုးသူက ပြောကြားသည်။

Covid-19 ရောဂါဘေးဖြစ်ပွားချိန်မှစ၍ ယခုအချိန်အထိ ကိုယ်ကျိုးမငဲ့ဘဲ မြန်မာပြည်သူပြည်သားများအားလုံး ကူညီစောင့်ရှောက်ပေးသော ကျန်းမာရေး၀န်ထမ်းများ၏ စေတနာကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျန်းမာရေး၀န်ထမ်းများအတွက် သီးသန့် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ ရောင်းချရာတွင် Kamax Cobra 125 နှင့် BOA 125 အမျိုးအစားတို့ကို ကနဦးသွင်းငွေ ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ၀ယ်ယူသူစိတ်ကြိုက် ရွေးချယ်နိုင်သည့်အပြင် ကျန်ငွေကို လစဉ်ကြေး ငါးလ ပေးသွင်းရုံနှင့် အတိုး လုံးဝပေးစရာမလိုဘဲ Brand New ဆိုင်ကယ်အသစ်တစ်စီးကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“အဓိကကတော့ မြန်မာတစ်နိုင်ငံလုံးက Rent 2 Own အရစ်ကျ၀န်ဆောင်မှုပေးတဲ့ဆိုင်ဖြစ်ဖို့ လိုမယ်၊ ကျွန်တော်တို့ Kamax ဆိုင်ကယ်ရှိတဲ့ဆိုင်တိုင်းမှာ ကျန်းမာရေး၀န်ထမ်းတွေအနေနဲ့ လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်ပါမယ်” ဟု Kamax Group Myanmar ကုမ္ပဏီမှ General Manager ကိုမျိုးသူက ထပ်မံဆိုသည်။

အဆိုပါအစီအစဉ်တွင် အတိုးမဲ့ ​ခြောက်လ အရစ်ကျ၀ယ်ယူလိုပါက မှတ်ပုံတင်မူရင်း+ မိတ္တူ၊ အိမ်ထောင်စုစာရင်းမူရင်း+ မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေး၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာ စသည်တို့ လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် Kamax BOA 125 ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၉၉၀၀၀၀ ၊ Kamax The Cobra 125 ဆိုင်ကယ်တစ်စီးလျှင် ကျပ် ကိုးသိန်း နှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here