JLR နှင့်ပတ်သက်၍ Geely ၊BMW တို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် Tata Group ချဉ်းကပ်

151

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးစီးပွားရေး လုပ်ငန်းစုကြီးများ အနက် တစ်ခု အပါအဝင်ဖြစ်သော Tata Group သည် ၊၎င်းတို့ ပိုင်ဆိုင်ထားသည့် Jaguar Land Rover အမှတ်တံ ဆိပ်ရုန်းကန်နေရခြင်းအား ကာကွယ် နိုင်ရေးအတွက် တရုတ်ကုမ္ပဏီ Zhejiang Geely Holding Group ၊ ဂျာမန်ကုမ္ပဏီ BMW တို့ နှင့် ပူးပေါင်းလုပ်ကိုင်ရန် ချဉ်းကပ် လျက်ရှိကြောင်း နိုဝင်ဘာ ၁၂ ရက် တွင် thehindubusinessline ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဗြိတိန်ကုမ္ပဏီ JLR သည် ၂ဝဝ၈ ခုနှစ်မှစတင်ကာ Tata Group လက်အောက်သို့ ကျဆင်း သွားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အစော ပိုင်းတွင် အိန္ဒိယကုမ္ပဏီက အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့သည်။ JLR သည် ထုတ်လုပ်မှုစရိတ် မြင့်တက်ခြင်း၊ လျှပ်စစ်ကား ထုတ်လုပ်ရေး နယ်ပယ်တွင် ဝန်ထုပ်ဝန်ပိုးများထမ်း ထားရသလို ဖြစ်နေခြင်းတို့ကြောင့် ရောင်းအားမှာလည်း ထင်မှတ်ထား သလောက် မြင့်တက်လာခြင်းမရှိဘဲ ကျဆင်းလျက်ရှိသည်။

၂ဝ၁၉ ခုနှစ်၊ အောက်တို ဘာလအတွင်း JLR နှစ်မျိုးပေါင်း ရောင်းအားမှာ ၄၁,၈၆၆ စီးသာရှိ ပြီး ယမန်နှစ် အောက်တိုဘာလ ရောင်းအားနှင့်ယှဉ်လျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ Jaguar ရောင်းအားမှာ ၁ဝ,၆ဝ၆ စီးသာရှိပြီး ၂ဝ၁၈ ခုနှစ်၊ အောက် တိုဘာလ ရောင်းအားထက် ၂၂ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

Land Rover ရောင်းအားက ၃၁,၂၆ဝ စီးရှိပြီး ယမန်နှစ် အောက် တိုဘာလရောင်းအားထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ Tata Group သည် အင်ဂျင်နှင့် လျှပ်စစ်ကား ထုတ်လုပ်မှုနယ်ပယ် တွင် Geely ၊ BMWတို့နှင့်ပူး ပေါင်းရန် ဆန္ဒရှိနေသော်လည်း တရုတ်ကုမ္ပဏီက Tata Group ၊ သို့မဟုတ် JLR နှင့် စကားပြော ဆိုမှုမျိုးမရှိသေးဟု ကြေညာချက် ထုတ်ပြန်ထားသည်။

အိန္ဒိယကုမ္ပဏီနှင့်အတူ လက် တွဲဆောင်ရွက်မည့် အစီအစဉ်များ နှင့်ပတ်သက်၍ ဂျာမန်ကုမ္ပဏီ BMW က မှတ်ချက်ပေးရန် ငြင်းဆိုထား သည်။
Ref: thehindubusinessline

LEAVE A REPLY

Please enter your comment!
Please enter your name here