Jetour X70 ကို လက်ဆောင် ရှစ်မျိုးပေးမည့် အစီအစဉ်ဖြင့် ရောင်းချ

151

 

ရန်ကုန်၊ ဇွန် ၂၂
Gold AYA Motors မှ Jetour X70 ကို Monsoon Promotion With 8 Tires Souvenirs အစီအစဉ်ဖြင့်ရောင်းချရာတွင် လက်ဆောင် ပစ္စည်း ရှစ်မျိုးအထိ ပေးမည်ဖြစ်ပြီး Promotion အစီအစဉ်ကို စက်တင်ဘာလအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Jetour X70 သည် ၁၅ဝဝ စီစီတာဘို၊ 8-Speed Semi Auto/Manual Transmission အသုံးပြုထားသော Mid-Sized Luxury ကားအမျိုးအစား ဖြစ်သည်။

Jetour X70 ကို ငါးယောက်စီးနှင့် ခုနစ်ယောက်စီးဟူ၍ နှစ်မျိုး ထုတ်လုပ်ထားပြီး ငါးယောက်စီးကို ကျပ် ၃၅၇ သိန်း၊ ခုနစ်ယောက်စီးကို ကျပ် ၃၈၇ သိန်းဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူသည့် Customer များအတွက် Air Fun ၊ Spin & Wheel အစီအစဉ်တွင် ပါဝင်ကံစမ်းခွင့်၊ ကျပ်ခုနစ်သိန်းကျော် တန်ဖိုးရှိ အိမ်သုံး လျှပ်စစ်ပစ္စည်း လက်ဆောင်များအတွက် ခဲခြစ်ကံစမ်းမဲ၊ ကျပ်တစ် သိန်းတန် အခမဲ့ဆီဖြည့်ခွင့်၊ အရစ်ကျဝယ်ယူပါက ၂ဝ ရာခိုင်နှုန်း ပေးချေ၍ ဝယ်ယူနိုင်ခြင်း၊ ကားတစ်စီးလုံး အာမခံအတွက် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ၊ အာမခံစက်ပစ္စည်း အကန့်အ သတ်ဖြင့် ၁ဝ နှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သန်းနှင့် ဝယ်ယူပြီး ပထမသုံးနှစ်အတွင်း အခြေခံကားပြုပြင်ထိန်းသိမ်းခြင်းကို ခြောက်ကြိမ် တိတိ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here