Jeep ၏ မူပိုင်နည်းပညာများ

961

Off-Road ကားများကိုသာ သီးသန့်ထုတ် လုပ်သည့် ကမ္ဘာကျော် Jeep အမှတ်တံဆိပ် သည် ဒုတိယကမ္ဘာစစ်မှ အစပြု၍ ထင်ရှား လာခဲ့ပြီး ကမ္ဘာအနှံ့တွင် မသိသူမရှိသည့် နာမည်ကျော် Brand အနေဖြင့် ရပ်တည် နေပါသည်။ ဂျစ်ကားဟု လူသိများသည့် Jeep Model များသည် ကနဦးအချိန် တွင် စစ်မြေပြင်သုံးနှင့် အခြားထူးခြားသည့် အသုံးပြုမှုများအတွက် အထူးထုတ်အနေ ဖြင့် ဖန်တီးခဲ့ပြီး နောက်ပိုင်း၌ MPV ၊ SUV ကဲ့သို့ ဘက်စုံသုံး မိုဒယ်များကို တိုးချဲ့ ထုတ်လုပ်လာနိုင်ခဲ့ကာ လုံခြုံရေး၊ ကြံ့ခိုင် သည့်ကိုယ်ထည်နှင့် နည်းပညာသုံး ပါဝင် မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စွာ အားထုတ်လာပါသည်။

အဓိကအားဖြင့် 4×4 နှင့် SUV များ အသုံးပြုခြင်း၌ ကာလကြာရှည် အတွေ့အ ကြုံကောင်းများရှိခဲ့သည့် Jeep ၏ တီထွင် ဖန်တီးမှုဆိုင်ရာများသည် ဆန်းသစ်မှုရှိခြင်း၊ လက်တွေ့အသုံးပြုနိုင်စွမ်း၊ ခေတ်မီ နည်း ပညာများကို အစဉ်မပြတ် ဖန်တီးခြင်းနှင့် နေ့စဉ်သုံးအတွက် လွယ်ကူထိရောက်မှုရှိခြင်း စသည့်အချက်များဖြင့် ပြည့်စုံမှုရှိ သည်ကို တွေ့ရပါသည်။ ထိုသို့ဆန်းသစ်ပြီး အသုံးဝင်လှသည့် Jeep ၏ မူပိုင် နည်း ပညာ ဖန်တီးမှုများကို ယခုဆောင်းပါးတွင် ရေးသားတင်ဆက်မည် ဖြစ်ပါသည်။

လက်ရှိ ထုတ်လုပ်ထားသည့် Jeep Model အားလုံးတွင် လုံခြုံရေးဆိုင်ရာ နည်းပညာဖန်တီးမှုများ၊ Infotainment System နှင့် အကောင်းဆုံးသောမောင်း နှင်မှုကို ရရှိနိုင်သည့် Driver Assistant နည်းပညာများကို စုံလင်စွာထည့်သွင်းထား ပါသည်။ အထူးအားဖြင့် လုံခြုံမှုအဆင့် အနေဖြင့် ကမ္ဘာကျော် Euro NCAP Safety Rating အဆင့်သတ်မှတ်ချက်တွင် Jeep Renegade နှင့် Jeep Cherokee တို့သည် ကြယ်ငါးပွင့်အဆင့် ရရှိခဲ့၍ Jeep ၏ Safety Feature များသည် များစွာ အဆင့်မြင့်သည်ကို တွေ့နိုင်ပါသည်။

Jeep ၏ နည်းပညာဆိုင်ရာ တီထွင် မှုများအနက် Uconnect Infotainment System သည် များစွာထင်ရှားမှုရှိသည့် နည်းပညာဖြစ်ပြီး ကိုယ်ပိုင်ဖျော်ဖြေရေး အနေဖြင့် ဖန်တီးနိုင်သည့်စနစ် ဖြစ်သည်။ အဆိုပါ စနစ်ကို ငါးလက်မ၊ သို့မဟုတ် ခြောက်လက်မခွဲ Touch Screen ဖြင့် အသုံးပြုရမည်ဖြစ်ပြီး အသုံးပြုသူ၏ Smartphone Bluetooth ဖြင့် ချိတ်ဆက်ကာ သီချင်းများ နားဆင်ခြင်း၊ Message နှင့် ဖုန်းခေါ်ဆိုခြင်းများကို Hands-Free အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အတူ ခရီးသွားလာရာတွင် Uconnect Navigation System မှ သိလိုသည့် နေရာ အညွန်းများကို 3D Graphic ပုံရိပ်များဖြင့် တိကျသေချာစွာ ညွန်ပြပေးမည်ဖြစ်သည့်အပြင် ယာဉ်မောင်းနှင်မှုနှင့် ပတ်သက်သည့် Data များ၊ သက်ဆိုင်ရာ သတင်း အချက်အလက်များကိုလည်း အစဉ်မပြတ် သိရှိနိုင်မည် ဖြစ်သည်။ သီချင်းနားထောင် ခြင်းအတွက် Multiple Speaker များ ပါဝင်သည့် Jeep Audio System သည် သင့်အား အကောင်းဆုံးသော ဖျော်ဖြေမှု ကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး ယင်းတွင် Dashboard Dome Tweeter များ၊ Door Dome Tweeter များ၊ 6 x 9 inch Mid Woofer များကို ကားအတွင်းခန်း ပတ်လည် တပ်ဆင်ခြင်း စသည့် အခင်း အကျင်းများသည် သင့်အား သီချင်းတေး သွားများကို ကြည်လင်ပြတ်သားစွာ ခံစား နားဆင်နိုင်စေမည် ဖြစ်သည်။ ထို့ပြင် Bluetooth Streaming ဖြင့်လည်း Stream Music များကို မည်သည့် Media Device များဖြင့်မဆို Wireless ဆက်သွယ်မှုဖြင့် ဖမ်းယူ နားဆင်နိုင်ပါမည်။ အထက်ပါ Function များအပြင် Uconnect ၏ Voice Command ကို အသုံးပြု ၍ ဖုန်းခေါ်ဆိုမှုများ၊ Message အဝင်/ အထွက်၊ သီချင်းသံ အတိုး/အကျယ် စသည့် ကိစ္စများကို နှုတ်ဖြင့် ထိန်းချုပ်အမိန့်ပေးနိုင်မည်ဖြစ်၍ ကားမောင်းနေစဉ် အာရုံစူးစိုက်မှု ကောင်းစွာ ပြုလုပ်မောင်းနှင်နိုင်သည့် Function ဟု ဆိုရပါမည်။ Bluetooth Phone အရေအတွက် ၁ဝ ခု ခန့်အထိ ဆက်သွယ် ပြောဆိုနိုင်မည့် Uconnect Syncs လည်း ပါရှိမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းနံပါတ်များကို Touch Screen View တွင် ကြည့်ရှုခြင်းများ ဆောင်ရွက်နိုင်ပါမည်။

အထက်တွင် ရေးသားခဲ့သည့် Uconnect Navigation စနစ်၏ ၆ ဒသမ ၅ လက်မ Touch Screen တွင် အာရုံခံကိရိ ယာများဖြင့် ထောက်ပံ့ထားသည့် GPS စနစ်ကို အသုံးပြု၍ သိလိုသည့်တည်နေရာ အား သေချာ တိကျစွာ ညွန်ပြပေးခြင်း၊ Turn by Turn Guidance ပါဝင်ခြင်း၊ Audio Direction အသုံးပြုနိုင်ခြင်းတို့ကို လည်း ရရှိနိုင်မည့်အပြင် 3D Graphic ပုံဖော်မှုများဖြင့် သွားလိုသည့် ခရီးလမ်း ကြောင်းကို ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ် သည်။ ထို့အတူ အဆိုပါစနစ်အား Bluetooth Connectivity ၊ Voice Command ၊ Streaming Audio တို့ဖြင့်လည်း ပေါင်းစပ် အသုံးပြုနိုင်မည် ဖြစ်သည်။

7 inch TFT Display

7 inch TFT Display သည် ရောင်စုံပါဝင်သည့် Instrument Cluster Display အမျိုးအစားဖြစ်ပြီး Screen ပုံစံ ပြောင်းခြင်း၊ သိလိုသည့် သတင်းအချက် အလက်များကို လွယ်ကူရှင်းလင်းစွာပြသခြင်း၊ ယာဉ်နှင့်ပတ်သက်သည့် မြေပြင် အခြေအနေများကို အမြဲမပြတ်ပြသခြင်း စသည့် လုပ်ဆောင်မှုများ ရရှိနိုင်ပါမည်။ စတီယာရင်ရှိ ထိန်းချုပ်ခလုတ်များကို အသုံးပြု၍လည်း TFT Display ကို အသုံးပြုနိုင်ပါသည်။ အဆိုပါ TFT Display ကို Jeep Model များ၏ Limited နှင့် Tailhawk Grade များတွင် ထည့်သွင်းပေး ထားပါသည်။

Uconnect Access

Uconnect Access သည် စုပေါင်း ပါဝင်သည့် In Vehicle ထောက်ပံ့မှုနည်း ပညာအစုအဖွဲ့ဖြစ်ပြီး Voice Command နှင့် ပုံမှန်ထိန်းချုပ်မှုတို့ဖြင့် အသုံးပြုနိုင် ပါသည်။ ယင်းစနစ်တွင် ပါဝင်မှုများမှာ 911 Call(အရေးပေါ်အတွက် ခေါ်ဆိုမှုဖြစ်ပြီး ဗဟိုထိန်းချုပ်စင်တာမရှိပါက အသုံးပြု ၍မရပါ)၊ Roadside Assistance Call (ယင်းစနစ်သည် နောက်ကြည့်မှန်တွင်ပါရှိ ပြီး Assist ခလုတ် နှိပ်လိုက်ပါက ယာဉ်၏ တည်နေရာကို တိကျသေချာစွာ အလိုအလျောက် သိရှိစေမည့်စနစ် ဖြစ်သည်)၊ Stolen Vehicle Assist(ယင်းစနစ်သည် ယာဉ်ခိုးယူခံရပါက Uconnect ဖြင့် ချိတ် ဆက်ထားသည့် သင်၏ Smartphone မှ ယာဉ်၏တည်နေရာကို သိရှိနိုင်သည့်စနစ်ဖြစ်သည်)၊ Theft Alarm Notification(သတိ ပေးစနစ် ဖြစ်ပြီး သင်၏ Jeep ခိုးယူခြင်း ခံရပါက Uconnect ဖြင့် ချိတ်ဆက်ထားသည့် Smartphone သို့ သတိပေးသည့် Text/Email တို့ ချက်ချင်းဝင်ရောက်လာ မည်ဖြစ်သည်)၊ Wifi Hotspot(ကား အတွင်းရှိ ခရီးသည်အားလုံး အသုံးပြုနိုင်သည့် Mobile Hotspot ကို ဖန်တီးနိုင်ပြီး Wireless Devices များဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည်)၊ Yelp-Real-Time ဆိုင်ရာ ရှာဖွေမှုများဖြစ်သည့် စားသောက်ဆိုင်၊ Coffee Shop ၊ အခြားသောလုပ်ငန်း လိပ်စာများ ရှာဖွေခြင်း စသည်တို့ ပါဝင်ကြပါသည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here