Jaguar Land Rover Myanmar  မှ  ကားသစ်များကို  Beat the Budget Promotion  အစီအစဉ်ဖြင့် ရောင်းချပေးနေ

874

ရန်ကုန်၊ မတ်

Jaguar Land Rover Myanmar မှ ကားသစ်များကို Beat the Budget Promotion  အစီအစဉ် ဖြင့် ကာလပေါက်စျေးထက် အမေရိကန်ဒေါ်လာ သုံးထောင်မှ တစ်သောင်းအထိ ကားအမျိုးအစားအလိုက် စျေးလျှော့၍ ရောင်းချပေးနေကြောင်းသိရသည်။

Jaguar Land Rover Myanmar ကားအရောင်းပြခန်းတွင် Range Rover ၊ Range Rover Sport ၊ Range Rover Velar နှင့် Range Rover Evoque ကားအမျိုးအစားများကို အမေရိကန်ဒေါ် လာ ၁၃ဝ,ဝဝဝ ဝန်းကျင်၊ Jaguar XJ ၊ Jaguar XF ၊ Jaguar XE နှင့် Jaguar F-Pace ကို အမေရိကန်ဒေါ်လာ ၉၈,ဝဝဝ ဝန်းကျင်၊ New Discovery နှင့် Discovery Sport ကို အမေရိကန်ဒေါ်လာ ၁၁ဝ,ဝဝဝ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး မတ် ၃၁ ရက်အတွင်း Pre Order စနစ်ဖြင့် ဝယ်ယူမည့်သူများကို ကားအမျိုးအစားအပေါ် မူတည်၍ အမေရိကန်ဒေါ်လာ သုံးထောင်မှ တစ်သောင်းအထိ Discount ဖြင့် ရောင်းချပေးမည် ဖြစ်သလို ရန်ကုန်လိုင်စင်ရရှိရန်လည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

”နှစ်သစ်ကို ကူးပြောင်းတော့မယ့် အချိန်မှာ JLR Customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကားသစ်တွေကို အထူးစျေးနှုန်းတစ်ခုနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်၊ Beat the Budget Promotion  အစီအစဉ်ကာလထဲမှာ ကားဝယ်ယူမယ်ဆိုရင် ပုံမှန်စျေးထက် အများကြီး သက်သာမှုတွေ ရရှိမှာပါ၊ ကားအမျိုးအစားအပေါ် မူတည်ပြီး ဒေါ်လာသုံးထောင်ကနေ တစ်သောင်းအထိ လျှော့ပေးမှာ ဖြစ်ပါတယ်”ဟု ‘ JLR Myanmar ‘ မှ Marketing Manager ကိုညိုသွေးက ဆိုသည်။

Jaguar Land Rover Myanmar မှ တင်သွင်းရောင်းချနေသည့် ကားအမျိုးအစားများကို သုံးနှစ် Warranty Service ပေးထားပြီး ယခုအခါ Customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ငါးနှစ် Service ထပ်မံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here