Jaguar ၊ Land Rover မှ နှစ်ရက်ကြာ Road Show ပြုလုပ်မည်

149

 

ရန်ကုန်၊ ဇူလိုင် ၂၁
Jaguar ၊ Land Rover Myanmar မှ မိုးရာသီပရိုမိုးရှင်းအစီအစဉ် အနေဖြင့် Myanmar Plaza တွင် Road Show အစီအစဉ်ကို ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တွင် နှစ်ရက်ကြာပြုလုပ်ကာ အထူးအစီအစဉ်များ ဖြင့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“Road Show အစီအစဉ် ကျင်းပပြုလုပ်တဲ့ နှစ်ရက်တာအတွင်းမှာ Jaguar ကားတွေကို ဝယ်ယူမယ်ဆိုရင် 3 Months Auto Loan ၊ ရန်ကုန်လိုင်စင်၊ 24 hrs Roadside Assistance နဲ့ Land Rover ကားတွေကို ဝယ်ယူမယ်ဆိုရင် 3 Months Auto Loan ၊ ရန်ကုန်လိုင်စင်၊ 24 hrs Roadside Assistance အပြင် Special Cashback Promotion အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်”ဟု Jaguar ၊ Land Rover Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Jaguar ၊ Land Rover Myanmar မှ Promotion ကာလအတွင်း ကားသစ်များကို အထူးစျေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Test Drive အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကာ ထိုကားများအတွက်အာမခံအနေဖြင့် 3 Years Factory Warranty အပြင် 5 Years Free Service ကိုလည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here